Friday, 21 April 2017 17:40

မိုင်းဆတ်မြို့၌ ရှေးဦးပြုစုခြင်း အခြေခံ သင်တန်း ဖွင့်လှစ်

Written by 
Rate this item
(0 votes)

မိုင်းဆတ်  ဧပြီ   ၂ဝ

ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်အတွင်းရှိ လူငယ်လူရွယ်များ ဖြူစင်သန့်ရှင်းသော လူမှုစိတ်ဓာတ်ဖြင့် လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်လာစေရန်ရည်ရွယ်၍  ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း အခြေခံသင် တန်း (၁/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မိုင်းဆတ်မြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ မိုင်းဆတ်မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ရပ်ကွက်/ကျေးရွာ အတွင်းရှိ လူငယ်၊လူရွယ်များ ဖြူစင်သော လူမှုစိတ်ဓာတ်ဖြင့် တားဆီးကာကွယ်ရေး၊ ကျန်းမာရေးမြှင့်တင်ရေး၊ ရောဂါ တားဆီးရေးစသော လုပ်ငန်းများ၌ အားတက်သရော ပါဝင်ဆောင်ရွက်စေရန်နှင့် သင်တန်းတွင်ပို့ချသော ပညာရပ်များ ကိုတတ်ကျွမ်းနားလည်အောင် ဂရုတစိုက်လိုက်နာသင်ကြားစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကြက်ခြေနီ အဖွဲ့ဝင်များစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၁ဝဝ ဦး တက်ရောက်ပြီး  ဧပြီ ၂ဝ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

Read 25 times Last modified on Friday, 21 April 2017 17:42