Friday, 21 April 2017 17:31

မြန်မာအမျိုးသမီး လုပ်သားအင်အားနှုန်း မြှင့်တင်ခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေ မြင့်တက်လာနိုင်

Written by 
Rate this item
(0 votes)

ရန်ကုန်  ဧပြီ  ၂ဝ

မြန်မာအမျိုးသမီး လုပ်သားအင်အားနှုန်းကိုမြှင့်တင်ခြင်းဖြင့် တစ်ဦးချင်း ဝင်ငွေနှုန်း မြင့်တက် လာနိုင်ကြောင်း JobNet .com.mm အလုပ်အကိုင် ရှာဖွေရေး ဝက်ဘ်ဆိုက်မှ မီဒီယာများသို့ ထုတ်ပြန် ဖော်ပြချက်များ အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များ၌ မြန်မာနိုင်ငံမှ အမျိုးသမီး လုပ်သား နှုန်းထားသည် ၅ဝ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိပြီး အကယ်၍ နိုင်ငံ၏ အမျိုးသမီး လုပ်သားနှုန်းထား မြင့်တက်လာပါက နိုင်ငံ၏ တစ်ဦးချင်း ဝင်ငွေ နှုန်းထားလည်း မြင့်တက် လာနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အမျိုးသမီးများ အတွက် ဖြစ်နိုင်ခြေရှိပြီး အလားအလာ ကောင်းသော အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပြီး အလုပ်သမားဈေးကွက် အတွင်းသို့ ဝင်ရောက်နိုင်ရန် အခွင့်အလမ်း တိုးပွားစေခြင်းက မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ ကောင်းများကို အမျိုးသား၊ အမျိုးသမီးတို့ အတွက် ခွဲခြား ပုံဖော်၍ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို ပုံဖော်နိုင်ရန် အလားအလာကောင်းများ ဖြစ်စေမည်ဟု ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းမှလည်း အမျိုးသမီးများ လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်နိုင်ရန် သဘောထား အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှ အရွယ်ရောက်ပြီးသူ လူဦးရေ ၁၄၉ဝဝဝ ဦးအား စစ်တမ်းကောက်ယူခဲ့ပြီး အဆိုပါ ILO Gallup Repor အရ မြန်မာနိုင်ငံ၏ ဖော်ပြမှုတွင် ၂၂ ရာခိုင်နှုန်းသော  အမျိုးသမီးများသည် ၎င်းတို့အနေဖြင့်  အခကြေးငွေ ရရှိသော လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင် သင့်ကြောင်း၊ ၆၇ ရာခိုင်နှုန်းသော အမျိုးသမီးများသည် အိမ်အလုပ်နှင့် အိမ်အပြင် နှစ်မျိုးစလုံးတွင်  လုပ်ကိုင် သင့်ကြောင်း ဖြေခဲ့ပြီး ၁၁ ရာခိုင်နှုန်းသာလျှင် အိမ်၌ နေ၍ မိသားစုအား စောင့်ရှောက်သင့်သည်ဟု ဖြေဆို ခဲ့ကြောင်း သိရသည်။

Read 11 times Last modified on Friday, 21 April 2017 17:48