Friday, 21 April 2017 17:24

တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလ တစ်ရက်လျှင် ခရီးသွား ဧည့်သည် တစ်သိန်းနီးပါး ဝင်ရောက်

Written by 
Rate this item
(0 votes)

မန္တလေး  ဧပြီ   ၂ဝ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ သင်္ကြန်ကာလ၌  တစ်ရက်လျှင်  ပြည်တွင်းပြည်ပခရီးသွားဧည့်သည် တစ်သိန်းနီးပါး ဝင်ရောက်ကြောင်း တောင်သမန်အင်း ငှက်လှေအသင်းထံမှ သိရသည်။ 

ပြည်ပခရီးသွားများသည် ဦးပိန်တံတားသို့ နေဝင်ဆည်းဆာအချိန်တွင် လာရောက်သူများပြားပြီး အမေရိကန်၊ ပြင်သစ်၊ စပိန်၊ အီတလီနှင့် ထိုင်း၊ ကိုရီးယား၊ တရုတ်စသည့်နိုင်ငံတို့မှ လာရောက်လည်ပတ် သည်။ ''ဒီနှစ်သင်္ကြန်  ဦးပိန်တံတား ကိုလာတဲ့ ပြည်တွင်းခရီးသွား မနှစ်ကထက်နည်းသွားတာက လမ်းလျှောက်သင်္ကြန်တို့၊ ခုနစ်မိုင်တို့ဘက်ကို သွား ရောက်ကြလို့ ဖြစ်ပါတယ်။ လာရောက်တဲ့ လူဦးရေနှုန်း ကတော့ မနှစ်ကထက် မလျော့ပါဘူး။ ပြည်တွင်းခရီးသွား   အ ရင်နှစ်လူဦးရေထက် နည်းသွားတာတွေ့ရတယ်။ အင်းရေကျချိန်ဆိုတော့ ငှက်လှေသမားတွေအတွက်တော့ ရေရှိတဲ့ နေရာလေးတွေ လိုက်ပို့ တာမျိုးလေးတွေ လုပ်ကြရတာပါ'' ဟု တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။ 

တောင်သမန်အင်း ဦးပိန်တံတားတွင် နေဝင်ချိန်လှည့်လည်ကြည့်ရှုရန် ငှက်လှေငှားရမ်းပါက ပြည်ပခရီးသွားများ အတွက် တစ်စင်းလျှင်ငွေကျပ် ၁၂ဝဝဝ ဖြစ်ကာ နံနက်ပိုင်းတွင် ငှားရမ်းပါက တစ်စင်းလျှင် ငွေကျပ် ၁ဝဝဝဝ ဖြင့်ငှား ရမ်းပေးသည်။ပြည်တွင်းခရီးသွားများအား သတ်မှတ်နှုန်းထားထက် ငွေကျပ် ၂ဝဝဝ ဈေးလျှော့ပေးထားကြောင်း ယင်း တံတားတွင် ငှက်လှေ ၄၆ စင်းရှိပြီး   အရန်လှေ အစင်း ၂ဝ ရှိကြောင်း သိရသည်။

Read 10 times Last modified on Friday, 21 April 2017 17:27