Friday, 21 April 2017 17:20

ခရိုင်အဆင့် မြို့နယ်အခြေပြု မူလတန်း ဆရာ အတတ်ပညာ သင်တန်းဖွင့်

Written by 
Rate this item
(0 votes)

နေပြည်တော်  ဧပြီ   ၂ဝ

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အခြေခံပညာ အထက်တန်းကျောင်း ကြီးကြပ်ရေးမှူး ရုံးခန်း၌ ဥတ္တရခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ခရိုင်အဆင့် မြို့နယ်အခြေပြုမူလတန်း ဆရာအတတ်ပညာ တစ်လသင် တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ ဥတ္တရခရိုင်ပညာရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ အမှာစကားပြောကြားရာ တွင်ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းမှပို့ချသော သင်ခန်းစာများကို ကြိုးစားအား ထုတ်၍ အမြဲတမ်းလေ့လာ ဆည်းပူး သင်ယူရန်လိုအပ်ကြောင်း၊ သင်တန်းနှင့်ပတ်သက်၍ တွေးခေါ်ကြံဆမှုကိုအားပေးသော သင်ကြားနည်းများ ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် ဘာသာရပ် ၁၂ မျိုးရှိပြီး အဆိုပါ ဘာသာရပ်များမှာ သင်ရိုးဝင် ဘာသာရပ်များဖြစ်ကြောင်းနှင့် ကလေးငယ်များကိုလည်း ပြန်လည်သင်ကြားနိုင်သည်အထိ လေ့လာဆည်းပူး ဆောင် ရွက်သွားကြရန် လိုေ ကြာင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဥတ္တရခရိုင်ပညာရေးမှူး ဦးကြည်ရွှင်၊ ပုဗ္ဗသီရိမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်း အောင်၊ ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်များမှ ပညာရေးမှူးများ၊ ပုဗ္ဗသီရိမြို့နယ် ဒုတိယ ပညာရေးမှူး ဦးမျိုးဆန်း၊ ကျည် တောင်ကန်ကျေးရွာ အုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ နည်းပြ ၁၃ ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ၆၄ ဦးတက် ရောက်ပြီး သင်တန်းကာလမှာ ဧပြီ ၂ဝ ရက် မှ မေ၂ဝ ရက်အထိတစ်လတာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

Read 9 times