Friday, 21 April 2017 17:15

မော်လမြိုင်-ချောင်းဆုံ တံတားကို မေ ၁ ရက်တွင် ဖွင့်လှစ်မည်

Written by 
Rate this item
(0 votes)

မော်လမြိုင်  ဧပြီ ၂ဝ

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံ (ဘီလူးကျွန်း) ဆက်သွယ်ထားသည့် တံတားကို မေ ၁ ရက်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

''မော်လမြိုင်နဲ့ ချောင်းဆုံ (ဘီလူးကျွန်း) ဆက်သွယ်ထားတဲ့ တံတားကို ဧပြီ ၂၅၊ ၂၆၊ ၂၇ ရက်မှာ တံတား ခံနိုင်ဝန် ရှိ၊ မရှိ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ ဒီလို စစ်ဆေးမှုတွေ ပြုလုပ်လို့ အဆင်ပြေတာနဲ့ မေ ၁ ရက်မှာ ဖွင့်ပါမယ်။ တံတားကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က စတင် ဆောက်လုပ်ခဲ့ပြီး ယခု အချိန်မှာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ပါတယ်''ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။ မော်လမြိုင်-ချောင်းဆုံတံတား အရှည်မှာ ၅၂ဝ၃ ပေ၊ အကျယ် ၂၈ ပေရှိ သံမဏိ သံပေါင်တံတား ဖြစ်ပြီး ငွေကျပ်သန်း ၅၉၈ဝဝ  အကုန်အကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တံတားနှင့် ဆက်စပ်ထားသည့် ကျိုက္ခမီဘုရားလမ်းကို ငွေကျပ် ၆ ဒသမ ၂၇၅ ဘီလီယံဖြင့် နိုင်လွန်ကတ္တရာလမ်း အရှည် ၂ ဒသမ ၇ ကီလိုမီတာ ခင်းကျင်း နိုင်ခဲ့သည်။ အလားတူ တံတားနှင့် ဆက်စပ်သည့် အောက်လမ်းမကြီးကိုလည်း စတင် ခင်းကျင်းနေပြီ ဖြစ်ကြောင်း သိရသည်။

Read 8 times Last modified on Friday, 21 April 2017 17:28