Friday, 21 April 2017 17:15

ကျောက်ပန်းတောင်း မြို့နယ်၌ (၆၇) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ

Written by 
Rate this item
(0 votes)

ကျောက်ပန်းတောင်း ဧပြီ ၂ဝ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ် ဆွမ်းဆန်လောင်းလှူပွဲ ကြီးကိုယမန်နေ့ နံနက် ၆ နာရီမှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲကို နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပမြဲဖြစ်သော်လည်း ယခု နှစ်တွင် မာရသာမုန်တိုင်းကြောင့် မဟာသင်္ကြန်အတက်နေ့ တစ်နေ့လုံးနှင့် ညတစ်ည လုံး မိုးရွာသွန်းခဲ့သဖြင့် မြန်မာနှစ် ဆန်းသုံးရက်နေ့ဖြစ်သောဧပြီ ၁၉ ရက်သို့ ပြောင်းရွှေ့ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်သည် (၆၇)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ ဆွမ်းဆန်တော်လောင်း လှူပွဲတွင် ချောက်မြို့နယ် ဂွေးချိုတောင်ဆုတောင်းပြည့်မိုး ကောင်း ဘုရားရုပ်ပွားတော်မြတ်နှင့် ကျောက်ပန်းတောင်းမြို့နယ် စိတ္တိန်းကျေးရွာ မိုးကောင်းဆုတောင်းပြည့် ရုပ်ပွားတော် မြတ်ကြီးတို့အား ပင့်ဆော င်တော်မူပြီး ကျောက်ပန်းတောင်းမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများရှိ စာသင်တိုက်နှင့် ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊  သီလရှင်  ၁၁ ကျောင်းတို့မှ သံဃာအပါး ၃၅ဝဝ ကျော်နှင့် သီလရှင်အပါး ၄၇ဝ တို့ကို မြို့ပေါ်ရှိ စေတနာရှင် ကုသိုလ်ရှင်စုစုပေါင်း ၂၅ဝဝ ကျော်တို့က ဆွမ်းဆန်အိတ်စုစုပေါင်း ၃၉၈ဝ အိတ်၊ ကြက် သွန် ၁၁၈၇ ပိဿာ၊ ငွေကျပ် ၆၃ဝဝဝဝ နှင့် ဆီ၊ ဆပ်ပြာ၊ သကြား၊ ရေသန့်၊ အချိုရည်တို့ကို လောင်းလှူကြကြောင်း သိရသည်။

Read 8 times Last modified on Friday, 21 April 2017 17:18