Friday, 21 April 2017 16:56

တာချီလိတ်ခရိုင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ

Written by 
Rate this item
(0 votes)

တာချီလိတ်  ဧပြီ  ၂ဝ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီတွင် တာ ချီလိတ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက ခရိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ဌာနဆိုင် ရာများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ယဉ်ကျေး မှုအဖွဲ့များနှင့် လူမှုရေး အသင်းအဖွဲ့များက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲ၌ နိုင်ငံရေးကဏ္ဍတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသား လူမျိုးများအလိုက် ခံစားသင့်ခံစားထိုက်သော အခွင့် အရေးနှင့် လူမျိုးရေးဆိုင်ရာစု ပေါင်းအခွင့်အရေးကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍတွင် ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာမူဝါဒကိစ္စရပ်များကို အကြောင်းအရာ အလိုက် ဆွေးနွေးကြောင်း သိရသည်။

Read 9 times Last modified on Friday, 21 April 2017 16:58