Friday, 21 April 2017 16:46

မကွေးတိုင်းဒေသကြီး မြိုင်မြို့ပေါ်ရှိ နေအိမ်များအတွက် ရေဂါလန်နှစ်သိန်း လေးသောင်းကို နှစ်ရက်တစ်ကြိမ် ဖြန့်ဝေပေးမည်

Written by 
Rate this item
(0 votes)

ရန်ကုန်    ဧပြီ    ၂ဝ

မကွေးတိုင်းဒေသကြီး မြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရေဂါလန်နှစ် သိန်းလေးသောင်းကို ယနေ့မှစတင်၍ နှစ်ရက်တစ်ကြိမ် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် အိမ်ခြေ ၇ဝဝဝ အတွက် လိုအပ်မည့် ရေပမာဏအတိုင်းတွက်ချက်ကာ ရေဂါ လန် နှစ်သိန်းလေးသောင်းကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ယခင်နှစ်များကရေဂါ လန်နှစ်သိန်းတစ်သောင်းသာ ဖြန့်ဝေ ပေးနိုင်ခဲ့ကြောင်း သိရသည်။

''အရင်က မြိုင်မြို့ပေါ်ရပ်ကွက်တွေကို လေးရက်ခြားမှတစ်ခါ ရေပေးနိုင်တာ။ အခုနှစ်ရက်တစ်ခါ ရေပေးနိုင်တော့မယ်။ ရေပေးဝေမယ့်ပမာဏက ရေဂါလန်နှစ်သိန်းလေးသောင်းအထိ တိုးချဲ့ဖြန့်ဝေပေးေ တာ့မှာပါ''ဟု မြိုင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ကပြောသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပိုလျှံရန်ပုံငွေမှ ငွေကျပ်သိန်း ၁၅ဝဝ ဖြင့် အဆိုပါ ရေဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ် ကြောင်းသိရသည်။

''ကျွန်တော်တို့ လွှတ်တော်ရန်ပုံငွေသိန်းတစ်ထောင်နဲ့ ရေတွင်းလေးတွင်း အသစ်တူးဖော်ထားတာရှိတယ်။ အခုတိုင်း အစိုးရချပေးတဲ့ သိန်းတစ်ထောင့်ငါးရာနဲ့ ရေစုကန်တွေ၊ ရေပိုက်လိုင်းတွေထပ်ဖြည့်ပြီး ရေဖြန့်ဖြူးပေးနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ''ဟု မြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ကပြောသည်။ မြိုင်မြို့ပေါ်ရှိရပ်ကွက်များတွင် ယခင်ကစည်ပင်ရေ မရရှိခြင်းကြောင့် ရေအခက်အခဲများဖြစ်ပေါ်ကာ ပုဂ္ဂလိကရေရောင်း ချသူများထံမှ ဈေးကြီးပေးဝယ်ယူ သုံးစွဲနေရကြောင်း သိရသည်။

အဆိုပါ ရေစတင်ဖြန့်ဝေပေးမည့် အစီအစဉ်ကိုဧပြီ ၂ဝ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်ေ တ်ာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် စည်ပင်သာယာရေး အဖွဲ့များက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Read 8 times Last modified on Friday, 21 April 2017 16:47