Friday, 21 April 2017 16:39

နယ်သာလန်နိုင်ငံရှိ မြန်မာသာသနာပြု ကျောင်း၌ နှစ်ကူး ဓမ္မသဘင်နှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမည်

Written by 
Rate this item
(0 votes)

ရန်ကုန်   ဧပြီ   ၂ဝ

မြန်မာဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရန်ခက်ခဲလှသော နယ်သာလန်နိုင်ငံ၌ ဆရာတော် ဘဒ္ဒန္တသောဘိတ ဦးဆောင်တည်ထောင်ထားသည့် နယ်သာလန်နိုင်ငံ IBEC မြန်မာသာသနာပြုကျောင်း၌ နှစ်ကူးဓမ္မသဘင်နှင့် ဘာသာ ပေါင်းစုံ ဆုတောင်းပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ကူးဓမ္မသဘင်အခမ်းအနားနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲတွင် စုပေါင်းဆွမ်းလောင်းလှူ၍ ဧည့်ပရိသတ် များအား ဧည့်ခံကျွေးမွေးခြင်း၊ ဘာသာပေါင်းစုံ နှစ်ကူးဆုတောင်းမေတ္တာပို့သခြင်းနှင့် နှစ်ကူးဓမ္မသဘင်  စီစဉ်ကျင်း ပခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ နှစ်ကူးဓမ္မသဘင် အခမ်းအနားနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲ၌ ဆရာတော် ဘဒ္ဒန္တသောဘိတက ဦးဆောင်၍ တရားဒေ သနာတော်များ ဟောကြားမည်ဖြစ်သည်။

ထို့ပြင် ဆရာတော်နှင့်အတူ မြန်မာနိုင်ငံမှ ဆရာတော်ကြီးနှစ်ပါးလည်း ကြွရောက်၍ တရားတော်များ ဟောကြား ချီးမြှင့်ကြမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနား၌ မြန်မာပြည်ဖွား ဘာသာပေါင်းစုံ တိုင်းရင်းသားများ စု ပေါင်း၍ မေတ္တာပို့သခြင်း အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Read 7 times Last modified on Friday, 21 April 2017 16:41