Friday, 21 April 2017 16:20

နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ် ရွတ်ဖတ် ပူဇော်

Written by 
Rate this item
(0 votes)

မော်လမြိုင်ကျွန်း ဧပြီ  ၂ဝ

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် အောင်ရိပ်သာ တိုးချဲ့အဝင်လမ်းမကြီး၌ ယမန်နေ့ ညနေ ၅ နာရီက နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပသည်။

ရှေးဦးစွာ ပစ္ဆိမာရုံစာသင်တိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တရေဝတာလင်္ကာရနှင့် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်တော်မူကြရာ ပြည်သူများကနာယူကြသည်။ အဆိုပါနှစ်သစ်ကူး အန္တ ရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများကို မြန်မာ နှစ်ဆန်းတစ်ရက်ကစတင်၍  မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ၌ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော် များကို ရွတ်ဖတ်တော်မူကြသည်။ ထို့ပြင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့အစည်းပေါင်းစုံတို့က ကြီးမှူး၍ သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန် တော့ခြင်း၊ ဒေသခံပြည်သူများက ငါးများနှင့်ငှက်များအား ဘေးမဲ့လွှတ်ခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။

Read 8 times Last modified on Friday, 21 April 2017 16:31