Friday, 21 April 2017 16:18

ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ဆည်တည်ဆောက်ထားမှုများ ၃ဝ ရာခိုင်နှုန်းအောင်မြင်လျက်ရှိပြီး ၇ဝ ရာခိုင်နှုန်း ခန့်လိုအပ်နေသေး

Written by 
Rate this item
(0 votes)

လားရှိုး ဧပြီ  ၂ဝ

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေများ အဆင်ပြေစေရန်အတွက် မြို့နယ်များ၌ ဆည်၊ တာတမံများကို ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ တည်ဆောက်ပေးရာတွင် ဆည်တည်ဆောက်မှုများမှာ ၃ဝ ရာခိုင်နှုန်းခန့်သာ အောင်မြင်လျက်ရှိပြီး ၇ဝ ရာခိုင်နှုန်းခန့် လိုအပ်နေသေးကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမြို့ပြ အင်ဂျင်နီယာရုံးမှ သိရသည်။

''ကျွန်တော်တို့ဌာနအနေနဲ့ကတော့ ဒေသတစ်ခုလုံးမှာရှိတဲ့ မြို့နယ်တိုင်းမှာ ဆည်တွေဆောက်ပေးထားပါပြီ။ တည်ဆောက်ပြီးဆည်တွေမှာ အချို့ဆည်တာတမံတွေကို ဌာနက ဆက်လက်ထိန်းသိမ်းပြီး ကျေးရွာတွေမှာ WUG ဆိုတဲ့ ဆည်ထိန်းသိမ်းရေး ကော်မတီတွေကို လွှဲပြောင်းထိန်းသိမ်းစေပါတယ်။ ကျွန်တော်တို့ဒေသက တောင်ပေါ်ဒေသဆို တော့ စိုက်ပျိုးရေနှင့် ပတ်သက်လာလျှင် ဆည်ရေသောက် ဧရိယာကနည်းပြီး မိုးကောင်းရေသောက်ဧကတွေများတယ်။ အဲဒီအတွက်ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ခုလုံးနှင့်နှိုင်းလျှင် ဆည်တည်ဆောက်မှုက ၃ဝ ရာခိုင်နှုန်းသာ ပြည့်စုံပြီး တည်ဆောက်ပေးဖို့ လိုအပ်ချက်က ၇ဝ ရာခိုင်နှုန်းခန့်ရှိနေသေးပါတယ်''ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီ မံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်းစိုက်ပျိုးရေနှင့် သောက်သုံးရေ အဆင်ပြေစေရန်အတွက် ရေလွှဲဆည်၊ ရေ လှောင်ကန်၊ရေလှောင်တမံများ စုစုပေါင်း ၅၄၃ ခုတည်ဆောက်ပေးထားကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်းရှိ ကျေးရွာများမှ ဒေသန္တရအဖြစ် တည်ဆောက် အသုံးပြုနေသော လက်ရိုက်ဆည်များမှာလည်း နှစ်စဉ် ပျက်စီးမှုများကြောင့် ပြန်လည်ပြုပြင်သည့်အခါ တောင်သူတို့၏ ငွေကြေးများကုန်ကျမှုများရှိနေ၍ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ထိုသို့ကုန်ကျမှုများ မရှိစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက် များဖြင့် ဆည်များကို တည်ဆောက်ေ ပးရခြင်း ဖြစ်ကြောင်း သိရသည်။

Read 5 times