Tuesday, 26 July 2016 10:09

ကချင်ပြည်နယ်အတွင်း ရေ ဘေး သင့် ဒေ သ များ တွင် ကူ ညီ ကယ် ဆယ် ရေး လုပ်ငန်းများဆောင်ရွက် .....

Written by 
Rate this item
(0 votes)

နေပြည်တော်  ဇူလိုင်  ၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဇူလိုင်၂၂ရက်မှ ၂၄ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနိုင်းချောင်းရေမြင့်တက်ပြီး တနိုင်းမြို့ပေါ်ရှိ ဆင်(မ်)ဆာ့ရပ်ကွက်၊ ပုန်ခုန်းရပ်ကွက်၊ မုန်ဒိန်ရပ်ကွက်နှင့် ဂျိုဆာ ဒီးကျေးရွာတို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ် ခဲ့ရာ ဇူလိုင် ၂၄ ရက်တွင် နယ်မြေခံတပ်မ တော်သားများက အဆိုပါရပ်ကွက်များရှိ အိမ်ထောင်စု ၈၂ စု၊ စုစုပေါင်းလူဦးရေ ၃၁၆  ဦးတို့ကို မော်တော်ယာဉ်များ၊ စက်လှေများ ဖြင့်   တနိုင်းမြို့၊ မြို့မဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ ကူညီသယ်ယူပို့ဆောင်ခြင်းများ   ဆောင်ရွက်ပေးသည်။

အဆိုပါကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်လျက်ရှိသောနေရာသို့ တနိုင်းတပ်နယ် မှတာဝန်ရှိသူများက   သွားရောက် ကြည့်ရှု ၍  ရေသန့်ဘူး၊  ဆန်၊   စားသုံးဆီနှင့်  ခေါက်ဆွဲခြောက်တို့ကိုပေးအပ်လှူဒါန်းသည်။

အလားတူ ဗန်းမော်မြို့အတွင်း ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၂၄ ရက်တွင် သပြေကုန်းကျေးရွာ၌ မြစ်ကမ်းပါးပြိုကျ ခြင်းများဖြစ်ပေါ်ခဲ့ရာ အဆိုပါနေရာသို့ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ များက သွားရောက်၍ ရေတွင်မျောပါနေသည့် လူနေအိမ်ရှစ်လုံးအားဆယ်ယူခြင်း၊ အန္တရာယ် ရှိလူနေအိမ် ၁၅ လုံးအား ရွှေ့ပြောင်းပေးခြင်းနှင့် နွား ၁၂ဝ ကောင်တို့ကို ရေဘေးလွတ် ရာသို့ စက်လှေများဖြင့် ရွှေ့ပြောင်းပေးခြင်း တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                           

 

 

 

Read 2345 times Last modified on Tuesday, 26 July 2016 10:12