Wednesday, 17 May 2017 03:38

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့ ဖိလစ်ပိုင် နိုင်ငံသို့ ရောက်ရှိ

Written by 
Rate this item
(0 votes)

နေပြည်တော်၊ မေ - ၁၆

ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပ ပြုလုပ်မည့် (၁၄)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDFIM) တက်ရောက်ရန် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ပြီး ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ၊ Ninoy Aquino လေဆိပ်သို့ ရောက်ရှိ ကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ဖိလစ်ပိုင် တပ်မတော်မှ Brigadier General Pedro A Sumayo နှင့် မြန်မာ နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် နိုင်ငံစစ်သံမှူး Colonel Vincete Mark P. Blanco III နှင့် ဖိလစ်ပိုင် တပ်မတော်မှ အရာရှိကြီးများ၊ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းနိုင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး ၀င်းမြတ်နှင့် တာဝန်ရှိ သူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက် ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေတ္တ တည်းခိုမည့် Sofitel Hotel သို့ ရောက်ရှိ ခဲ့ကြောင်း သတင်း ရရှိသည်။

 

Read 28 times Last modified on Wednesday, 17 May 2017 03:51

Latest from ရွှေတည်

Related items