Saturday, 22 April 2017 03:55

မြန်မာ-တရုတ် နယ်စပ်ပွိုင့်-၂၀၃၃နေရာရှိ MNDAA အကြမ်းဖက် သောင်းကျန်းသူများ မရှုမလှ ဆုတ်ခွာ ထွက်ပြေးခြင်း

Written by 
Rate this item
(0 votes)

နေပြည်တော် ၊ ဧပြီ - ၂၁

ယနေ့နံနက် ဧပြီ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်း ၂ ခုက နှစ်နိုင်ငံ နယ်စပ်အနီး ပွိုင့်(၂၀၃၃) တောင်ကုန်း၌ အခိုင်အမာ နေရာယူထားသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ စခန်း ၂ ခုကို လက်နက်ကြီး ပစ်ကူရယူပြီး မိုးထဲရေထဲမှာ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် တက်ရောက်ချေမှုန်း သိမ်းပိုက်ရာ ပထမကုန်း အား ၁၀ နာရီ ၂၀ မိနစ်တွင် လည်းကောင်း၊ ဒုတိယ ကုန်းအား ၁၁ နာရီ ၂၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက်ရရှိပြီး ဆုတ်ခွာထွက်ပြေးသည့် ရန်သူအုပ်စုအတွင်းသို့ မိမိလက်နက်ကြီးများဖြင့် စုပြုံပစ်ခတ်မှုများကြောင့်လည်း ရန်သူတို့ သေကျေဒဏ်ရာရမှု များပြားခဲ့၍ မိမိဘက်မှ စစ်သည် ၁ ဦးသာ လက်နက်ငယ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ စခန်း ၂ ခုမှ အာရ်ပီဂျီ ၂ လက်အပါအ၀င် လက်နက်မျိုးစုံ ၆ လက်နှင့် ခဲယမ်း၊ လက်ပစ်ဗုံး အမြောက်အများ ရရှိ ခဲ့ကြောင်း သိရှိရပါသည်။

ယခုသိမ်းပိုက်ရရှိသည့် ပွိုင့်(၂၀၃၃)နေရာသည် နှစ်နိုင်ငံနယ်စပ် လမ်းကြောင်းအား အခွင့်ကောင်းယူ၍ ဘီပီ(၁၁၂)မှ ဘီပီ(၁၁၀)သို့ MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်သည့် လမ်းကြောင်းများအနက် တစ်ခုအပါအ၀င်ဖြစ်၍ ပိတ်ဆို့ဟန့်တားသည့် အခွင့်ကောင်းကို တပ်မတော် စစ်ကြောင်းများမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ နယ်မြေတစ်ဝိုက် အပါအ၀င် ပွိုင့်(၂၁၄၅) အရှေ့ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်နေရာ အချို့ရှိ ကြွင်းကျန်နေသော အကြမ်းဖက် သောင်းကျန်းသူ စခန်းများကိုလည်း တပ်မတော်စစ်ကြောင်း အသီးသီးက ဆက်လက်ရှင်းလင်းလျက် ရှိနေသေးကြောင်း သတင်းရရှိပါသည်။

Read 69 times Last modified on Saturday, 22 April 2017 03:58

Related items