Friday, 21 April 2017 16:05

အမရပူရ မြို့နယ်၊ မဟာဂန္ဓာရုံ ကျောင်းတိုက် နာယက ဆရာတော်၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာ ပြုလုပ်

Written by 
Rate this item
(0 votes)

နေပြည်တော်   ဧပြီ   ၂ဝ

မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပင်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက် နာယက ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာကို ယနေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ရာ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒောဘာသာ ဘိဝံသ၊ မဟာအောင်မြေ မြို့နယ်၊ အဝေရာရာမ ရန်ကင်းကျောင်း ဆရာတော် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသြဒါတသိရီ ဘိဝံသ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက် ကြသည်။ ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မုံရွာမြို့၊ဝိဇ္ဇာသိပံ္ပဆရာတော် ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ် တော်ကို အန္တိမဈာပန ပူဇာသဘင် ကျင်းပမည့်နေရာ ဌာနဖြစ်သော လင်းဇင်းကုန်းသုသာန်သို့ ပင့်ဆောင် ကြသည်။ ဆက်လက်၍ ဆရာတော် ဘုရားကြီး၏ ဓာတ်ပုံတော်၊ ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင် များကို ပင့်ဆောင်တော်မူကြပြီး အန္တိမဈာပန သာဓုကီဠန ပူဇော်ကျင်းပမည့် လင်းဇင်းကုန်း သုသာန်သို့ သံဃာတော်များနှင့် တက်ရောက် လာကြသူများက အသီးသီး ပင့်ဆောင် ပူဇော်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Read 114 times Last modified on Friday, 21 April 2017 16:13