Friday, 21 April 2017 15:08

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန် နိုင်ငံရှိ ရိုတာဒမ် ဆိပ်ကမ်းကို ကြည့်ရှု လေ့လာ

Written by 
Rate this item
(0 votes)

ရိုတာဒမ်   ဧပြီ   ၂ဝ

နယ်သာလန် နိုင်ငံ၌ အလုပ်သဘော ခရီးဖြင့် ရောက်ရှိ နေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ရိုတာဒမ်မြို့ရှိ delta work၊ ရိုတာဒမ် ဆိပ်ကမ်းနှင့် Maasvlakte I နှင့် II  တို့အား ရဟတ်ယာဉ်ဖြင့် ကြည့်ရှု လေ့လာ ကြသည်။ ယင်းနောက် ဒုတိယ သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ရိုတာဒမ် ဆိပ်ကမ်း လုပ်ငန်းစဉ်များအား သင်္ဘောဖြင့် လိုက်လံ ကြည့်ရှု လေ့လာရာ ဆိပ်ကမ်း ညွှန်ကြားရေးမှူး Mr. Rene van der pals က ဆိပ်ကမ်း လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။ ရိုတာဒမ် ဆိပ်ကမ်းသည် ဥရောပ၌ အကြီးဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။

Read 52 times Last modified on Friday, 21 April 2017 15:16

Latest from ရွှေတည်

Related items