Thursday, 16 March 2017 19:36

အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် IS သစ္စာခံ ၁၇ ဦးသေဆုံး

Written by 
Rate this item
(0 votes)

ဂျာလာလာဘတ် မတ် ၁၅

အာဖဂန်နစ္စတန် အရှေ့ပိုင်း နန်ဂါဟာပြည်နယ်၌ မတ် ၁၅ ရက် အစောပိုင်းတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် IS စစ်သွေးကြွ အဖွဲ့အပေါ် သစ္စာ ခံထားသည့် စစ်သွေးကြွ အဖွဲ့ဝင် ၁၇ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

မောင်းသူမဲ့လေယာဉ်များသည် ထောက်လှမ်းရေး သတင်းများအရ စစ်သွေးကြွများ ပုန်းအောင်းနေသည့် အာချင်နှင့် မာမန်ဒါရီ ခရိုင်အတွင်းသို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသည့် စစ်သွေးကြွ အဖွဲ့ဝင် အချို့မှာ ပြည်ပနိုင်ငံသားများ ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟာဇရက် ဟူစိန်မက်ရစ်ဝယ်လ်က သတင်းထောက်များအား ပြောသည်။

သို့သော် ၎င်းစစ်သွေးကြွများမှာ မည်သည့် နိုင်ငံသားများ ဖြစ်သည်ကို ထုတ်ပြန်ခြင်း မရှိပေ။ IS စစ်သွေးကြွ အဖွဲ့အပေါ် သစ္စာခံထားသည့် စစ်သွေးကြွ အဖွဲ့သည် နန်ဂါဟာပြည်နယ် အတွင်းရှိ အချို့ဒေသများကို ထိန်းချုပ်ထားပြီး ယင်းစစ်သွေးကြွများကို အမေရိကန် မောင်းသူမဲ့ လေယာဉ်များက အဓိက ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Read 558 times Last modified on Friday, 17 March 2017 17:16