Sunday, 26 February 2017 07:08

ဆီးရီးယားရှိ IS စစ်သွေးကြွ စခန်းများကို အီရတ်လေတပ် ပထမဆုံး အကြိမ် ဗုံးကြဲတိုက်ခိုက်

Written by 
Rate this item
(0 votes)

ဘဂ္ဂဒက် ဖေဖော်ဝါရီ ၂၅

အီရတ် လေတပ်သည် အိမ်နီးချင်းနိုင်ငံ ဖြစ်သော ဆီးရီးယား နိုင်ငံအတွင်းရှိ IS စစ်သွေးကြွ အဖွဲ့၏ စခန်းများကို ဖေဖော်ဝါရီ ၂၄ ရက်တွင် လေကြောင်းမှ ပထမဆုံး အကြိမ်အဖြစ်   ပစ်မှတ်ထား တိုက်ခိုက်ကြောင်း ဝန်ကြီးချုပ် ဟေဒါအယ်လ် အဘာဒီက အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။

ဆီးရီးယား နယ်နိမိတ်အတွင်းရှိ ဟူစိန်ဘာ့ခ်ျနှင့် အယ်လ်ဘူကာမယ်လ် ဒေသများရှိ IS စစ်သွေးကြွ အဖွဲ့၏ စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ရန် လေတပ်အား အမိန့်ပေးခဲ့ ကြောင်းနှင့် အီရတ်ပြည်သူ များကို သတ်ဖြတ်ရန် ကြိုးပမ်းသည့် စစ်သွေးကြွ အဖွဲ့များအား မည်သည့် နေရာတွင်ဖြစ်စေ တိုက်ခိုက် ချေမှုန်းရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း အဘာဒီက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဆီးရီးယား နယ်နိမိတ်အတွင်း အီရတ်လေတပ်၏ ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ကြောင်း၊ ၎င်းတိုက်ခိုက်မှုအတွက် သတင်းအချက်အလက် များကို အမေရိကန်က ထောက်ပံ့ပေးထားကြောင်း ပင်တဂွန် စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့် ရှိသူ ရေတပ်ဗိုလ်မှူးကြီး ဂျက်ဒေးဗစ်က ပြောသည်။

Read 591 times Last modified on Monday, 27 February 2017 13:25