Sunday, 26 February 2017 07:07

ပါကစ္စတန် တန်ပြန် အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့၏ စီးနင်းမှု အတွင်း စစ်သွေးကြွ အဖွဲ့ဝင် ခြောက်ဦးသေဆုံး

Written by 
Rate this item
(0 votes)

လာဟိုး ဖေဖော်ဝါရီ ၂၅

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ တန်ပြန် အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့၏ စီးနင်းမှု အတွင်း လက်ကာအီးဂျန်ဂီ (LeJ) စစ်သွေးကြွ အဖွဲ့မှ အဖွဲ့ဝင်ခြောက်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် တွင်ပြောသည်။

LeJ စစ်သွေးကြွ အဖွဲ့မှ ယာဆင်းနှင့် အဖွဲ့ဝင်များသည် ပန်ဂျပ်ပြည်နယ် တောင်ပိုင်းရှိ တရားရုံးများကို ပစ်မှတ်ထား တိုက်ခိုက်ရန် ယင်းပြည်နယ်မှ ကီလိုမီတာ ၃၅ဝ အကွာရှိ  ပက်တီဆူလ်တန်မြို့၌ ရောက်ရှိလျက် ရှိသည်ဟု တန်ပြန်အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့မှ သတင်း ရရှိပြီးနောက် စီးနင်းတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တန်ပြန် အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် များသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်သွေးကြွများ ပုန်းခိုရာ နေရာကို အငိုက်ဖမ်း တိုက်ခိုက်ပြီး အညံ့ခံရန် အမိန့်ပေးစဉ် စစ်သွေးကြွ အဖွဲ့က စတင်တိုက်ခိုက်ရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ ယာဆင်း အပါအဝင် စစ်သွေးကြွခြောက်ဦး သေဆုံးသွားကြောင်းနှင့် ယင်းနေရာမှ လက်လုပ်ဗုံးများနှင့် အခြားလက်နက်များကို လုံခြုံရေး အဖွဲ့ဝင်များက ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် ကလည်း တန်ပြန် အကြမ်းဖက် တိုက်ခိုက်ရေး အဖွဲ့သည် အဆိုပါ ပြည်နယ်တောင်ပိုင်း၌ ဂျာမက် အူအာရာ အဖွဲ့မှ စစ်သွေးကြွ ၁၁ ဦးကို ချေမှုန်းနိုင်ကြောင်း သိရသည်။

Read 454 times Last modified on Monday, 27 February 2017 13:26