Friday, 24 February 2017 09:42

စစ်သွေးကြွများ ထိန်းချုပ်ထားသည့် မိုဆူးလ်မြို့ လေဆိပ်နှင့် စစ်စခန်း တစ်ခုအား အီရတ် တပ်ဖွဲ့က ပြန်လည် သိမ်းပိုက်

Written by 
Rate this item
(0 votes)

ဘဂ္ဂဒက် ဖေဖော်ဝါရီ ၂၃

အမေရိကန်၏ ထောက်ပံ့ခံ အီရတ်လုံခြုံရေး တပ်ဖွဲ့များသည်  IS စစ်သွေးကြွများက ထိန်းချုပ်ထားသည့်  မိုဆူးလ်မြို့ အနောက်ပိုင်းသို့ ဖေဖော်ဝါရီ ၂၃ ရက်က ဝင်ရောက် တိုက်ခိုက်ပြီးနောက် ယင်းမြို့ရှိလေဆိပ်နှင့် အနီးရှိ စစ်စခန်း တစ်ခုအား ပြန်လည် သိမ်းပိုက်နိုင်ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်း ဌာနတစ်ခုက ဖော်ပြသည်။

အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး တပ်ဖွဲ့ (CTS) နှင့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အလျင်အမြန် တုံ့ပြန်တိုက်ခိုက်ရေး တပ်ဖွဲ့မှ စစ်သည်များသည် လေကြောင်း ပစ်ကူနှင့်အမြောက်တပ်မှ ပစ်ကူများဖြင့် မိုဆူးလ်မြို့ လေဆိပ်နှင့် အနီးရှိ ဂိုဇလာနီ စစ်စခန်းအား ဘက်ပေါင်းစုံမှ စီးနင်း၍ စစ်သွေးကြွများ၏ အမာခံ စခန်းကို တိုက်ခိုက် သိမ်းယူနိုင်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဆာဘာအယ်လ် နူမန်က ရုပ်သံဌာနသို့ ပြောသည်။

အစိုးရ တပ်များသည် မိုဆူးလ်မြို့ အရှေ့ ပိုင်းကို လွန်ခဲ့သည့် လအတွင်း စစ်သွေးကြွများ လက်မှ ပြန်လည်သိမ်းယူ နိုင်ပြီးနောက် ယင်းမြို့ရှိ စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ရန် အတွက် အဆိုပါ လေဆိပ်ကို ပြန်လည် သိမ်းယူနိုင်ရေး အတွက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်သည်။

စစ်သွေးကြွများသည် မိုဆူးလ်လေဆိပ်၊ စစ်စခန်းနှင့် ဘဂ္ဂဒက်-မိုဆူးလ် အဝေးပြေး လမ်းမကြီး အနီးရှိ ဒေသများအား ၂ဝ၁၄ ခုနှစ်အတွင်းက သိမ်းယူခြင်းဖြစ်ပြီး ယင်းမြို့ တစ်မြို့လုံးအား အစိုးရ တပ်များက ပြန်လည် သိမ်းယူနိုင်ပါက အီရတ်နိုင်ငံရှိ IS စစ်သွေးကြွ အဖွဲ့၏ ကံကြမ္မာသည် နိဂုံးချုပ်မည့် အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

Read 395 times Last modified on Friday, 24 February 2017 11:53