Thursday, 23 February 2017 14:23

ကိုလံဘီယာ FARC သူပုန်များ မတ်လမှစ၍ လက်နက်ချမည်

Written by 
Rate this item
(0 votes)

ဘိုဂိုထာ  ဖေဖော်ဝါရီ  ၂၂

ကိုလံဘီယာရှိ FARC သူပုန်များသည် အစိုးရကို ရာစုနှစ်ထက်ဝက်ကျော်ကြာ တိုက်ခိုက်ပြီး နောက် လာမည့်မတ်လမှစတင်၍ လက်နက်ချမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်ထုတ်ပြန် ချက်တစ်ခုအရ သိရသည်။

သူပုန်တပ်ဖွဲ့၏ အဆိုပါ လက်နက်ချမည့် အစီအစဉ်သည် ၎င်း တို့နှင့် အစိုးရအကြား ပြုလုပ်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသဖြစ် ပြီး သူပုန်များသည် လက်နက်စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းကျော်ကို မတ်လ ၁ ရက်မှစတင်ကာ အစိုးရထံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ကိုလံဘီယာစစ်ဘက်မှ ဗိုလ်ချုပ်ကြီးဂျာဗီယားဖ လော်က ပြောသည်။

အလားတူ အခြားလက်နက် ၃ဝ ရာခိုင်နှုန်းကို ယခုနှစ် မေလ ၁ ရက်နှင့်ကျန် လက်နက်ခဲယမ်း အားလုံးကို ဇွန်လ ၁ ရက်တွင် အစိုးရထံ လွှဲပြောင်းပေးအပ်သွားမည်ဟု သိရသည်။ သူပုန်တပ်ဖွဲ့က လွှဲပြောင်းပေးသည့် ယင်း လက်နက်ခဲယမ်းများကို ကုလသမဂ္ဂစောင့် ကြည့်ရေး မစ်ရှင်အဖွဲ့တစ်ဖွဲ့က အတည်ပြု၍ ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း ဖလော်က ဆက်လက်ပြောသည်။

FARC သူပုန်အဖွဲ့သည် အစဉ်အလာအားဖြင့် ငွေကြေးတောင့်တင်းသည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ယင်းအဖွဲ့တွင် အင်အား ၆၉၃၄ ဦးပါဝင်သော်လည်း ၂ဝဝဝ ပြည့် နှစ်တွင် စတင်သည့် စီအိုင်အေအဖွဲ့၏ ကိုလံဘီယာ စီမံကိန်း အမည်ရှိ စစ်ဆင်ရေးကြောင့် သူပုန်တပ်ဖွဲ့၏ ရပ်တည်ချက်မှာ ကျဆင်းယိမ်းယိုင်လာသည်ဟု သိရသည်။

ယင်းစီမံကိန်းအရ အမေရိကန်ပြည်ထောင်စုက ကိုလံဘီယာစစ်ဘက်ကို အကူအညီများပေး အပ်သည့်အပြင် ထောက်လှမ်းရေး သတင်းအချက်အလက်များကြောင့် ကိုလံဘီယာစစ်ဘက် အနေဖြင့် သူပုန်တပ်ဖွဲ့ဝင်များကို လိုက်လံ ရှာဖွေ ချေမှုန်းနိုင်ရန် များစွာ အထောက်အကူပြုခဲ့ ကြောင်း ဖော်ပြချက်အရ သိရသည်။

Read 376 times Last modified on Friday, 24 February 2017 11:55