Monday, 20 February 2017 13:01

IS အဖွဲ့မှ စစ်သွေးကြွ အမျိုးသမီး တစ်ဦးကို အီရတ်တပ်ဖွဲ့ ဖမ်းဆီး

Written by 
Rate this item
(0 votes)

တီဟီရန်  ဖေဖော်ဝါရီ  ၁၉

အီရတ်လုံခြုံရေး တပ်ဖွဲ့သည် မိုဆူးလ်မြို့ အရှေ့ပိုင်းတွင် IS စစ်သွေးကြွ အဖွဲ့မှ အမျိုးသမီး စစ်သွေးကြွ တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း နိနဝေပြည်နယ်မှ သတင်းအရင်းအမြစ်များက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ဟက်ဖ်ဆာအယ်ဘာဆရာ ရီဝီယေဆိုသူ အဆိုပါ စစ်သွေးကြွ အမျိုးသမီးကို IS စစ်သွေးကြွ အဖွဲ့အတွက် အမျိုးသမီးငယ်များနှင့် ကလေးငယ်များကို လူသစ် စုဆောင်းမှုဖြင့် အီရတ် အစိုးရက   တရား စွဲဆိုထားကြောင်း သတင်း အရင်းအမြစ်အရ သိရသည်။ ဟက်ဖ်ဆာသည် ဘာဆရာမြို့မှ ဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် မိုဆူးလ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့ပြင် မိုဆူးလ်မြို့ အနီးရှိ IS စစ်သွေးကြွ အဖွဲ့၏ စခန်းများကို အီရတ် အစိုးရ တပ်ဖွဲ့များက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ IS စစ်သွေးကြွ အဖွဲ့ဝင် ၁၅ ဦး သေဆုံးကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီး ဌာနက အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။ ထို့ပြင် အဆိုပါ တိုက်ခိုက်မှုအတွင်း IS စစ်သွေးကြွ အဖွဲ့၏ ဌာနချုပ်လည်း ပျက်စီးကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီးဌာနက အစီရင်ခံစာ တစ်စောင်တွင် ရေးသား ဖော်ပြသည်။ အီရတ် အစိုးရတပ်များသည် ပြီးခဲ့သည့် နှစ် အောက်တိုဘာလမှ စတင်၍ မိုဆူးလ်မြို့ကို IS စစ်သွေးကြွ အဖွဲ့၏လက်မှ ပြန်လည် သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေးများ လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။

Read 392 times Last modified on Tuesday, 21 February 2017 11:45