Sunday, 05 February 2017 17:49

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ တူရကီတပ်ဖွဲ့၏ ထိုးစစ်ဆင်မှု အတွင်းIS စစ်သွေးကြွ ၅၁ ဦး သေဆုံး

Written by 
Rate this item
(0 votes)

အန်ကာရာ   ဖေဖော်ဝါရီ   ၎

ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိIS စစ်သွေးကြွအဖွဲ့၏ တည်နေရာ ၅၉ ခုကို တူရကီ တပ်ဖွဲ့ဝင်များက ပစ်မှတ်ထား၍ ထိုးစစ်ဆင် တိုက်ခိုက်ရာ စစ်သွေးကြွအဖွဲ့ဝင် ၅၁ ဦး သေဆုံးကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် တူရကီတပ်ဖွဲ့က ပြောသည်။

တူရကီအစိုးရတပ်ဖွဲ့ဝင်များသည် အယ်လ် ဘတ်မြို့ကို   ပြန်လည်သိမ်းယူရန်အတွက် လွန်ခဲ့သည့် ငါးလကတည်းက ပြုလုပ်သည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအနေဖြင့်IS  စစ်သွေးကြွအဖွဲ့က ထိန်းချုပ်ထားသောယင်းမြို့ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဝန်းရံထားခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်းIS စစ်သွေး ကြွအဖွဲ့မှ သေဆုံးသူ ၅၁ ဦးအနက် လေးဦးမှာ ၎င်းတို့အဖွဲ့၏ ခေါင်းဆောင်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် တူရကီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများကြောင့် အယ်လ်ဘတ်မြို့နှင့် ဘဇာဂါရှ် ဒေသရှိ IS စစ်သွေးကြွအဖွဲ့၏ ဌာနချုပ် သုံးခုအပါအဝင် ၎င်းတို့၏အဆောက်အအုံ  ၅၆ လုံးနှင့် ထိန်းချုပ်ရေးစခန်းသုံးခု ပျက်စီးသွားကြောင်း တူရကီတပ်ဖွဲ့က ပြောသည်။

Read 239 times Last modified on Sunday, 05 February 2017 17:50