Sunday, 05 February 2017 10:32

အမေရိကန်က ၎င်းတို့၏ ဖျက်သင်္ဘောတစ်စင်းကို ယီမင်ကမ်းလွန်သို့ စေလွှတ်

Written by 
Rate this item
(0 votes)

ဝါရှင်တန်  ဖေဖော်ဝါရီ   ၎

ဆော်ဒီစစ်သင်္ဘော တစ်စင်းအား  ဟူသီသူပုန်များက တိုက်ခိုက်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန် အစိုးရက ၎င်းတို့၏ ဖျက်သင်္ဘောတစ်စင်းကို ယီမင်ကမ်းလွန်သို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ပင်လယ်ကွေ့အတွင်း စစ်ဆင်ရေး လုပ်ဆောင်နေသည့် Arleigh Burke အတန်းအစား USS Cole ပဲ့ထိန်းဒုံးကျည်တပ်ဖျက် သင်္ဘောကို ယီမင်အနောက်တောင်ဘက် ကမ်းလွန်ရှိ ဘက်ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားသို့ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိ တစ်ဦးကဆိုသည်။  အမေရိကန်အစိုးရက

အဆိုပါဖျက်သင်္ဘောကို  ယီမင်ကမ်းလွန်သို့ စေလွှတ်ခြင်းသည်  အီရန်၏ ဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုက အီရန်အပေါ်ပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။  ယီမင်အနောက်ပိုင်းကမ်းလွန်၌ ကင်းလှည့်နေသည့်    ဆော်ဒီဖရီးဂိတ် စစ်သင်္ဘောတစ်စင်းကို အီရန်နိုင်ငံက ထောက်ခံထားသည့် ဟူသီသူပုန်များက ပြီးခဲ့သည့်လကုန်ပိုင်းက တိုက်ခိုက်ရာ   အနည်းဆုံးသင်္ဘော အမှုထမ်းနှစ်ဦးသေဆုံးပြီး   အခြားသုံးဦး ဒဏ်ရာရရှိသည်။ ယင်းတိုက်ခိုက်မှု အတွင်း ဟူသီသူပုန်များသည် အသေခံဖောက်ခွဲရေး မော်တော်ဘုတ်များအား  အသုံးပြုသည်ဟု ဆော်ဒီ အာဏာပိုင်များက ပြောသည်။             

Read 185 times Last modified on Sunday, 05 February 2017 10:33