Thursday, 02 February 2017 10:13

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများ အတွင်း သေဆုံးသူ ၁၆ ဦးအထိ မြင့်တက်

Written by 
Rate this item
(0 votes)

အက်ဗ်ဒစ်ဗ်ကာ  ဖေဖော်ဝါရီ   ၁

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရတပ်များနှင့် ရုရှားလိုလားသည့် သူပုန်တပ်တို့အကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်တွင် သေဆုံးသူ ဦးရေမှာ ၁၆ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

အစိုးရတပ်များနှင့် ခွဲထွက်ရေး တပ်များ သည် ဒိုးနက်စ်မြို့တော်မြောက်ဘက် ၆ မိုင်အကွာရှိ အက်ဗ်ဒစ်ဗ်ကာမြို့တွင် စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်လျက်ရှိပြီး ယင်းတိုက်ခိုက်မှုများကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်သွားရာ ဒေသအတွင်းရှိ အရပ်သား ၂ဝဝဝဝ ကျော်မှာ အေးမြလှသည့် ရာသီအတွင်း အအေးဒဏ်နှင့် ရင်ဆိုင်ကြုံတွေ့ရကြောင်း  သိရသည်။ သို့ရာတွင် သေဆုံးသူများ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန် ထားခြင်းမရှိပေ။

အဆိုပါတိုက်ခိုက်မှုများ  အဆုံးသတ်နိုင်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဇန်နဝါရီ ၃၁ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် တောင်းဆိုထားသည်။ ထို့ပြင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ယခုကဲ့သို့  တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခြင်းသည်   စိုးရိမ်ဖွယ်ဖြစ်ကြောင်းနှင့်   ယင်းတိုက်ခိုက်မှုများသည် မင့်စ်သဘော တူညီချက်ပါ အပစ် အခတ် ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း  ဥရောပ သမဂ္ဂက ပြောကြောင်း သိရသည်။

Read 283 times Last modified on Thursday, 02 February 2017 10:15