Sunday, 11 December 2016 11:11

IS ချေမှုန်းရေးအတွက် အမေရိကန်က တပ်ဖွဲ့ဝင် ၂ဝဝ ထပ်မံ စေလွှတ်

Written by 
Rate this item
(0 votes)

ဝါရှင်တန်   ဒီဇင်ဘာ   ၁ဝ

အမေရိကန်နိုင်ငံအနေဖြင့် ဆီးရီးယား နိုင်ငံ ရက်ကာမြို့အတွင်းရှိ IS စစ်သွေးကြွ များကို တိုက်ထုတ်သည့် တိုက်ပွဲစဉ်များကို အကူအညီပေးရန် အတွက် ယင်းနိုင်ငံသို့ စစ်ဘက်တပ်ဖွဲ့ဝင် ၂ဝဝ ကို ထပ်မံစေလွှတ်လိုက်ကြောင်း   အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန်ကာတာက ဒီဇင်ဘာ ၁ဝ ရက်တွင် ပြောသည်။

အဆိုပါ တပ်ဖွဲ့ဝင် ၂ဝဝ တွင်အထူးတပ် ဖွဲ့ဆိုင်ရာ လေ့ကျင့်ရေးမှူးများ၊ အကြံပေးများ နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်း ဖယ်ရှားရှင်းလင်းရေး အဖွဲ့များ ပါဝင်သည်။

¤င်းတပ်ဖွဲ့ဝင်များအနေဖြင့် ဆီးရီးယား နိုင်ငံတွင် ရောက်ရှိပြီးဖြစ်သော အမေရိကန် အထူးတပ်ဖွဲ့ဝင် ၃ဝဝ နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ဘာရိန်းနိုင်ငံ၌ ပြုလုပ်သည့် အရှေ့ အလယ်ပိုင်း လုံခြုံရေးဆိုင်ရာ ညီလာခံတွင် ကာတာကပြော သည်။

စွမ်းဆောင်ရည်ပြည့်ဝသော အဆိုပါတပ်ဖွဲ့ဝင်များသည် IS စစ်သွေးကြွများကို တိုက်ထုတ် ရန် အတွက်  ဒေသတွင်းတပ်ဖွဲ့များအား လေ့ကျင့်ပေးခြင်းနှင့် စစ်လက်နက်ပစ္စည်း တပ်ဆင် ပေးခြင်းတို့ကို ဆက်လက် လုပ်ဆောင် သွားရန် အတွက် ဆီးရီးယားရှိ အမေရိကန်အထူး တပ်ဖွဲ့ဝင် ၃ဝဝ နှင့် ပူးပေါင်း သွားမည်ဖြစ် ကြောင်း သိရသည်။

ညွန့်ပေါင်းအဖွဲ့၏ ပထမ ရည်မှန်းချက်သည် အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းရှိ စစ်သွေးကြွများကို ဆန့်ကျင် တိုက်ခိုက်ရေး ဖြစ်ကြောင်းနှင့်  ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ်၏ ထိပ်တန်းပြည်ပ စစ်ဘက်ကျောထောက်နောက်ခံ နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယား ပြည်တွင်းစစ်အား လှုံ့ဆော်နေသည့်အပြင် ဆီးရီးယားပြည်သူများခံစားနေရသော ဒုက္ခများ ရှည်ကြာစေရန် လုပ်ဆောင်လျက်ရှိကြောင်း   ကာတာက ပြောသည်။

 

 

 

Read 795 times Last modified on Sunday, 11 December 2016 11:15