Thursday, 24 November 2016 10:34

အကြမ်းဖက် သမားများကြောင့် စစ်သည်သုံးဦး သေဆုံးမှုကို အိန္ဒိယ စစ်ဘက်က လက်တုံ့ပြန်ရန် စီစဉ်

Written by 
Rate this item
(0 votes)

နယူးဒေလီ   နိုဝင်ဘာ   ၂၃

ပါကစ္စတန်နိုင်ငံက ကျောထောက်နောက်ခံ ပြုထားဖွယ်ရှိသည့် အကြမ်းဖက်သမားများသည် နိုဝင်ဘာ ၂၂ ရက်တွင် မက်ချေးနယ်မြေ၌ အိန္ဒိယစစ်သည် သုံးဦးကို သတ်ဖြတ်ပြီး ၎င်းတို့အနက်  တစ်ဦးကို ခေါင်းဖြတ်လိုက်ကြောင်း Xinhua သတင်း ဌာနကဖော်ပြ ထားသည်။

အိန္ဒိယ ဒုတိယကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး   ဘိုင်ပင်ရာဝတ် အနေဖြင့် ကာကွယ်ရေးဝန်ကြီး မနိုဟာပါရီကာ ထံ ဖြစ်စဉ်အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး စစ်သည် များကို သတ်ဖြတ်ခြင်းနှင့် ခေါင်းဖြတ်ခြင်းတို့ အပေါ် လက်တုံ့ပြန်ရန် အခိုင်အမာ ကတိပြု ထားကြောင်း သိရသည်။

ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ် မက်ချေးနယ်မြေရှိ နယ်စပ်ထိန်းချုပ်ရေး မျဉ်းတစ်လျှောက်၌ တပ်ဖြန့်ချထားသော ရာထရိုင်ယာ ရိုင်ဖယ်တပ်ရင်းကို အကြမ်းဖက်သမားများ ဝင်ရောက် တိုက်ခိုက်မည်ဟု   သတိပေး တပ်လှန့်ထားစဉ် နိုဝင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခန့်တွင် ရင်ဆိုင်တိုက်ပွဲ စတင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သတိပေး တပ်လှန့်မှုပြုလုပ်ပြီးနောက် မကြာမီ အိန္ဒိယစစ်သည် ၁၅ ဦးခန့် ပါဝင်သော လှည့်ကင်းအဖွဲ့သည် အကြမ်းဖက်သမားများ ထိုးဖောက်ဝင်ရောက်လာနိုင်သည်ဟု သံသယရှိသော နေရာသို့ ကင်းပုန်းဝပ်ရန် ချီတက်သွားစဉ် အဆိုပါနေရာရှိ အကာအကွယ် များအောက်၌ ကြိုတင်ပုန်းအောင်းနေသော အကြမ်းဖက်သမားများက တပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် နယ်စပ်ထိန်းချုပ်ရေး မျဉ်းတစ်လျှောက်မှ ပါကစ္စတန် စစ်စခန်းများသည် အိန္ဒိယစစ်ဘက်မှ စစ်ကူစေလွှတ်မှု မပြုလုပ်နိုင်ရန် စစ်ကူဖြည့်တင်းနိုင်မည့် လမ်းကြောင်းများ ကို နှောင့်ယှက်ပစ် ခတ်မှုများ ပြုလုပ်သည်ဟု ဘိုင်ပင်ရာဝတ်၏ ပြောကြားချက်အရ သိရသည်။

 

 

 

Read 794 times Last modified on Thursday, 24 November 2016 10:40