Friday, 19 May 2017 16:53

ပီကာဆို၏ပန်းချီကားတစ်ချပ်ကို ဒေါ်လာ ၄၅ သန်းကျော်ဖြင့်လေလံတင်ရောင်းချ

Written by 
Rate this item
(0 votes)

နယူးယောက် မေ ၁၈

ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီတို့လုယူသွားသည့် နာမည်ကျော်စပိန်ပန်းချီဆရာကြီး ပက်ဘ လိုပီ ကာဆို၏ လက်ရာမြောက်ပန်း ချီကား တစ်ချပ်ကို ဒေါ်လာ ၄၅ သန်းကျော်ဖြင့် လေလံ တင်ရောင်းချနိုင်ကြောင်း သိရသည်။

ဒဒၤနာာန ေ််င်နယ မသဘန ဘူနကနဒဒ အမည်ရှိပန်းချီကားကို ပီကာဆိုက ၁၉၃၉ ခုနှစ်အတွင်းရေးဆွဲထားခြင်းဖြစ်ပြီး ¤င်း၏ချစ်သူ ဒိုရာ မား၏ ပုံကို အခြေခံရေး ဆွဲ ထားခြင်းဖြစ်သည်။

ယင်းပန်းချီကားကို အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိ ဃ့မင်အငနဒ် လေလံကုမ္ပဏီက ယခုရက်သတ္တပတ်အစောပိုင်းတွင် ဒေါ်လာ ၄၅ဝ၄၇၅ဝဝ (ယူရို ၄ဝ ဒသမ ၉ သန်း)ဖြင့် ရောင်းချ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပီကာဆို၏ပန်းချီကားတစ်ချပ်ကို ဒေါ်လာ ၄၅ သန်းကျော်ဖြင့် လေလံတင်ရောင်းချ ပန်းချီ ကား ရောင်းချရာမှရရှိသည့် ငွေကြေး ပမာဏသည် ကနဦးခန့်မှန်းထားသည့်ပမာဏ ထက်မြင့် မား လျက်ရှိသည်ဟု DeutscheWelle သတင်းဌာနက ဖော်ပြထားသည်။

ပီကာဆိုသည် ယင်းပန်းချီကားကို ဒုတိယကမ္ဘာစစ်မစတင်မီတွင် အပြီးသတ်ရေးဆွဲထား ခြင်းဖြစ်ပြီး နာဇီတို့က ပဲရစ်မြို့တော်ကို သိမ်း ပိုက်ပြီးနောက် အဆိုပါပန်းချီကားအပါအဝင် ¤င်း၏အခြားလက်ရာမြောက်ပန်းချီကားအများ အပြားကို လုယက်ယူငင်သွားခြင်းဖြစ် ကြောင်း သိရသည်။

သို့သော်နောက်ပိုင်းတွင်ယင်းပန်းချီကားကို ပဲရစ်မြို့မှ ချက်သမ္မတနိုင်ငံ မိုရာဗီး ယားခရိုင်သို့သယ်ဆောင်ရန်ကြိုးပမ်းစဉ် ပြင်သစ်ခုခံတော် လှန်ရေး အဖွဲ့ဝင် များကကြားဖြတ် တားဆီး ၍ ပြန်လည်ရယူနိုင်ခြင်းဖြစ်သည်။

Read 20 times Last modified on Friday, 19 May 2017 16:55