Friday, 19 May 2017 16:46

ပါ့ ဂွမ်ဟေးကို တရားမဝင်ဆေးကုသမှု၊ လိမ်လည်မှုတို့ ဖြင့် ဆရာဝန်နှစ်ဦးကိုပြစ်ဒဏ်ချမှတ်

Written by 
Rate this item
(0 votes)

ရာထူးမှဖြုတ်ချခံရသော တောင်ကိုရီးယားသမ္မတဟောင်း ပါ့ဂွမ်ဟေးပါဝင်နေသည့် အကျင့် ပျက်ခြ စားမှုနှင့်ပတ်သက်၍ လိမ်လည်ပြော ဆိုမှု

နှင့် ပါ့ကိုတရားဝင်လုပ်ထုံးလုပ် နည်းမပါဘဲ ဆေးကု သမှုတို့ဖြင့် ဆရာဝန်နှစ်ဦးကို ဆိုးဗဟိုခရိုင်တရားရုံးက ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း ထုတ်ပြန် ချက် အရ သိရသည်။

ဆိုးဗဟိုခရိုင်တရားရုံးသည် သမ္မတဟောင်းပါ့နှင့် ၎င်း၏မိတ်ဆွေချွဲဆွန်ဆေ ပါဝင် ပတ် သက် နေသည့် အကျင့်ပျက်ခြ စားမှု၊နိုင် ငံရေး မကောင်း သတင်း ထွက်ပေါ်မှုနှင့်ပတ်သက်၍ အဆိုပါ ဆရာဝန်များကို ပထမဆုံးစီရင်ချက်ချမှတ်ခြင်းဖြစ်သည်။

ဆရာဝန်ကင်ယောင်ဂျဲကို ၂ဝ၁၄ နှင့်၂ဝ၁၆ခုနှစ်အတွင်း တရားဝင်မှတ်တမ်းတစ်ခုခုမပါဘဲ သမ္မတရုံး ၌ ပါ့ကိုအလှပြင်ကုသမှုအတွက် တရားရုံးက သုံးနှစ်ကြာအလုပ်မှဆိုင်းငံ့ပြီး ထောင် ဒဏ် ၁၈ လချမှတ်ကြောင်းသိရသည်။

ထို့ပြင် ၎င်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် လွှတ်တော်၌ကြားနာမှုအတွင်း ကျမ်းကျိန်ရာ၌ လိမ် လည်ထွက် ဆို ထားကြောင်းပြစ် မှုထင် ရှားတွေ့ရသည်။

ကင်နှင့် ¤င်း၏ဇနီး ပါ့ချဲယွန်းတို့သည်၂ဝ၁၄ နှင့်၂ဝ၁၅ ခုနှစ်အတွင်း သမ္မတဟောင်းပါ့၏ ထိပ်တန်း အတွင်းရေးမှူးအန်ချောင်ဘမ်နှင့် ဇနီးတို့ကို ဝမ် ၁၈ သန်းလာဘ်ပေးမှုအတွက် ပြစ်ဒဏ်ချ မှတ်ခံရကြောင်း သိရသည်။

အလားတူ ကင်၏ဇနီးသည် ၂ဝ၁၅ နှင့်၂ဝ၁၆ ခုနှစ်တို့တွင် သမ္မတရုံး၏အခြား အရာရှိတစ် ဦး အား ဝမ် ၁ဝ သန်းနှင့် အန်ချောင် ဘမ်နှင့် ဇနီးတို့အား ဝမ် ၃၁ သန်းထပ်မံ ပေးအပ် ကြောင်း တွေ့ရှိရသည့်အတွက် ၎င်းကို ထောင်ဒဏ်တစ်နှစ်ချမှတ်ပြီး ကင်ကိုဒဏ်ငွေ ဝမ်သုံး သန်း ပေးရန် တရားရုံးကအမိန့်ချမှတ်သည်။

ထို့ပြင် ပါ့အားဆေးကုသမှုကိုဖုံးကွယ်ရန် ဆေးမှတ်တမ်းမမှန်မကန် လုပ်ဆောင်မှုအတွက် ဆရာဝန် ကင်ဆန်မန်ကို တရားရုံးကဒဏ်ငွေ ဝမ် ၁ဝ သန်းချမှတ်ကြောင်း သိရသည်။

Read 20 times Last modified on Friday, 19 May 2017 16:52