Friday, 19 May 2017 16:39

၂ဝ၁၆ ခုနှစ်ကဲ့သို့ပင် မီးခိုးမြူများဖြစ်ပေါ်မည်ဟုပေကျင်း မေ ၁၈ အင်ဒိုနီးရှားသတိပေး ကွာလာလမ်ပူ မေ ၁၈

Written by 
Rate this item
(0 votes)

အာဆီယံဒေသအတွင်း မီးခိုးမြူအခြေအနေသည် ၂ဝ၁၆ ခုနှစ်ကဲ့သို့ပင် ဖြစ်ပေါ် မည်ဖြစ် ကြောင်း အင်ဒိုနီးရှားအစိုးရက မေ၁၈ ရက်တွင် ကျင်း ပသော အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ အိမ်နီး ချင်းနိုင်ငံများအား သတိပေးပြောဆိုကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူ ညစ်ညမ်း မှုထိန်းချုပ် ရေးကော်မတီခွဲဆွေးနွေးပွဲသို့ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ထိုင်းနှင့် ဘရူနိုင်းနိုင် ငံတို့မှ ဝန်ကြီးများနှင့်ထိပ်တန်းတာဝန်ရှိသူများ တက်ရောက်သည်။

၂ဝ၂ဝ ပြည့်နှစ်အရောက်တွင် မီးခိုးမြူကင်းစင်ရေးလမ်းပြမြေပုံကို အကောင်အထည် ဖော်လျက်ရှိ ညကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြော သည်။

နယ်စပ်ဖြတ်ကျော်မီးခိုးမြူညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး လမ်းပြမြေပုံ ကိုအကောင် အထည်ဖော် သည့် သဘောတူညီချက်ကို အဖွဲ့ ဝင်နိုင် ငံများက ၂ဝ၁၆ ခုနှစ်တွင်လက်မှတ်ရေးထိုးကြသည်။

ယင်းအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၂ဝ၁၆ ခုနှစ်တွင် မီးခိုးမြူများ ထူထပ်စွာ ကျရောက်ခြင်း မရှိကြောင်း၊ ယခုနှစ်တွင်လည်း၂ဝ၁၆ ခုနှစ်ကဲ့ သို့ ပင် ထိန်းချုပ်နိုင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဝမ်ဂျူ နေဒီတု အန်ခု ဂျာဖားက ပြောသည်။

ဒေသတွင်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအကောင်အထည်ဖော်ဆောင်ရွက်မှု နှစ်လယ်ပြန် လည်သုံး သပ်ခြင်းကို ၂ဝ၁၈ ခုနှစ်တွင်ပြု လုပ် ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူသည့်အပြင် ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများရှိ လေထု ညစ် ညမ်းမှုတိုင်း တာရေး မျှဝေရန် လည်းသဘောတူညီမှုရရှိကြောင်း စင်ကာပူနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ်ဝန်ကြီး မာ ဆာဂေါ ဇုကီဖလီက ပြောသည်။

Read 18 times