Friday, 19 May 2017 16:33

တောင်တရုတ်ပင်လယ်ကျင့်ဝတ် စည်းမျဉ်း အတွက်မူဘောင်ကို တရုတ်နှင့် အာဆီယံနိုင်ငံများသဘောတူ

Written by 
Rate this item
(0 votes)

အငြင်းပွားတောင်တရုတ်ပင်လယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ကာလရှည်ကြာအဆိုပြုထားသော ကျင့်ဝတ် စည်းမျဉ်းအတွက်ချမှတ်သည့်မူဘောင်ကို တရုတ်နှင့် အာဆီယံနိုင်ငံများက မေ ၁၈ ရက်တွင် သဘောတူကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မူကြမ်းရေးဆွဲရန် တောင်းဆိုပြီးနောက် ၁၅ နှစ်အကြာ၂ဝ၁၇ ခုနှစ် အတွင်း ၎င်းမူကြမ်းကို တရုတ်နှင့်အာဆီ ယံနိုင် ငံများက သဘောတူ မည်ဟု မျှော်လင့် ထားခြင်းဖြစ်သည်။

သို့သော် တရုတ်အစိုးရသည် စည်းမျဉ်းစည်းကမ်းများအား အမှန်တကယ်လိုက်နာမှု ရှိ၊ မရှိ အပြင် အာဆီယံအနေဖြင့်လည်းတရုတ်ကို တွန်း အားပေးနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ အာဆီ ယံအဖွဲ့ဝင်နိုင်ငံအချို့ကစိုးရိမ်ပူပန်လျက်ရှိသည်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွေယန်မြို့၌တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များတွေ့ ဆုံပြီးနောက် တောင်တရုတ်ပင်လယ်ကျင့် ဝတ် စည်းမျဉ်း အတွက်မူဘောင်ကို သဘော တူခြင်းဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောသော်လည်း အသေး စိတ်အချက် အလက် များကို ထုတ်ပြန်ခြင်းမရှိပေ။

ထို့ပြင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဆွေးနွေးပွဲသည် ပွင့်လင်းမြင်သာမှု နှင့်နက်ရှိုင်း မှုရှိပြီး  အပြုသဘောဆောင်သောရ လဒ်များ ဆောင်ကြဉ်းပေးနိုင်ကြောင်း တရုတ်နိုင် ငံခြား ရေးဝန်ကြီးဌာနက ၎င်းတို့၏ အစီရင်ခံစာတွင် ပြောသည်။

Read 20 times Last modified on Friday, 19 May 2017 16:37