Friday, 19 May 2017 15:52

ပြည်ပ ခရီးသည်များ ဝင်ရောက်မှု တိုးမြှင့်နိုင်ရေး မစ်ရှင် အဖွဲ့များကို တရုတ် မြို့ကြီးများသို့ အင်ဒိုနီးရှား စေလွှတ်မည်

Written by 
Rate this item
(0 votes)

အင်ဒိုနီးရှား အစိုးရသည် နိုင်ငံအတွင်းသို့ ပြည်ပမှ ခရီးသည်များ ဝင်ရောက်လာမှုကို တိုးမြှင့်နိုင်ရေး အတွက် မစ်ရှင် အဖွဲ့များကို တရုတ်နိုင်ငံရှိ ရှန်ဟိုင်းနှင့် ချန်ဒူးကဲ့သို့သော မြို့ကြီးများသို့ စေလွှတ်ရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှား ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မစ်ရှင်များကို စေလွှတ်ရသည့် ရည်ရွယ်ချက်မှာ အဆိုပါ တရုတ်မြို့ကြီး နှစ်မြို့ရှိ ခရီးသွား အေဂျင်စီများနှင့် ခရီးသွား အေဂျင်စီများ၏ ဝန်ဆောင်မှုများကို သုံးစွဲမည့် အလားအလာ ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက်ဖြစ်သည်ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဂီပီတာနာက ဆိုသည်။ ရှန်ဟိုင်းမြို့၌ ကျင်းပရန် စီစဉ်ထားသည့် တွေ့ဆုံဆွေးနွေးပွဲများကို Indonesia Week အခမ်းအနား ကာလအတွင်း၌ ပြုလုပ်သွားမည် ဖြစ်သည်။

အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ခရီးသွားလာရေး ကဏ္ဍတို့ကို တိုးမြှင့်ရန်ရည်ရွယ်၍ Indonesia Week အခမ်းအနားကို အင်ဒိုနီးရှား ကောင်စစ်ဝန်ချုပ် ရုံးက ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး မေ ၂ဝ ရက်မှ ၂၆ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။ တရုတ်မြို့ကြီးများသို့ စေလွှတ်မည့် မစ်ရှင်အဖွဲ့တွင် ဂျကာတာ၊ ဘာလီ၊ ယိုဂျာကာတာနှင့် ဆူရာဘာယာမှ ခရီးသွား အေဂျင်စီ ရှစ်ခုပါဝင်မည် ဖြစ်သည်။ အင်ဒိုနီးရှား အစိုးရသည် ယခုနှစ်အတွင်း နိုင်ငံအတွင်းသို့ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံသား ဦးရေကို ၂ ဒသမ ၄ သန်းကျော်အထိ တိုးမြှင့်နိုင်ရန် အတွက် ရည်မှန်းချက်ထား၍ အကောင်အထည် ဖော်လျက်ရှိသည်။

Read 18 times Last modified on Friday, 19 May 2017 15:55