Saturday, 13 May 2017 18:22

ယူကရိန်း အရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ထရမ့်က ရုရှားနှင့် ယူကရိန်း အစိုးရတို့အား တိုက်တွန်း

Written by 
Rate this item
(0 votes)

ဝါရှင်တန် မေ ၁၂

ယူကရိန်း အရေးကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတို့အား

တိုက်တွန်းကြောင်း သိရသည်။

မေ ၁၁ ရက်တွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့ဗ်နှင့် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ပါဗလိုကလင်ကင်တို့ကို တွေ့ဆုံကြောင်း၊ ၎င်းတို့အား ယူကရိန်း အရေးကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်း ထားကြောင်း ထရမ့်က လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော တွစ်တာတွင် ၎င်းတို့ နှစ်ဦးနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြသည်။

ရုရှားနှင့် ယူကရိန်းတို့သည် ၂ဝ၁၄ ခုနှစ် မှစ၍ ပဋိပက္ခများ ဖြစ်ပွားပြီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ရုရှားတို့က တိုက်ခိုက် သိမ်းပိုက် လိုက်ခြင်းမှာ အမေရိကန်နှင့် ရုရှားနိုင်ငံ အကြားအဓိက ငြင်းခုံစရာ ကိစ္စရပ် ဖြစ်လာသည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ထရမ့်အနိုင် ရရှိရန်အတွက် ရုရှားက ကြားဝင် စွက်ဖက်သည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးနေသော FBI မှ ညွှန်ကြားရေးမှူး ဂျိမ်းစ်တိုမေးကို ထရမ့်က ရာထူးမှ ထုတ်ပယ်ပြီးနောက် နာရီပိုင်းအတွင်း လက်ရော့ဗ်နှင့် တွေ့ဆုံခြင်း ဖြစ်သည်။

အမေရိကန် နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဆာဂျီကီဆလေယက်ခ်သည် FBI ၏ စုံစမ်း စစ်ဆေးမှုတွင် အဓိကကျသူ တစ်ဦးဖြစ်သည့်အတွက် အမေရိကန် သမ္မတနှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့တွေ့ဆုံပွဲတွင် ကီဆလေယက်ခ် ရှိနေခြင်းသည် ကသိကအောက် ဖြစ်စရာ ကိစ္စရပ် ဖြစ်ကြောင်း သတင်း ဌာနများက ဖော်ပြ ထားသည်။

Ref: AFP

Read 29 times Last modified on Saturday, 13 May 2017 18:23

Latest from ရွှေတည်