Friday, 21 April 2017 20:48

ဥရောပသမဂ္ဂမှ ခွဲထွက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ဗြိတိန် အတွက် ဆုံးရှုံးမှု ပိုမို ဖြစ်ပေါ်နိုင်ဟုဆို

Written by 
Rate this item
(0 votes)

ပေကျင်း  ဧပြီ  ၂ဝ

ဥရောပသမဂ္ဂ အဖွဲ့မှ ဗြိတိန်ခွဲထွက်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ယင်းနိုင်ငံ အနေဖြင့် ဆုံးရှုံးမှုကို ပိုမို ကြုံတွေ့ရမည်ဖြစ်ကြောင်း အဖွဲ့ကြီး၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဖက်ဒရီကာမိုဂီရီနီက ဧပြီ ၂ဝ ရက် တွင် ပြောသည်။

ဗြိတိန်က ဥရောပသမဂ္ဂမှ ခွဲထွက်သည့် Brexit ဖြစ်စဉ်ကြောင့် ဗြိတိန်အစိုးရနှင့် ပြုလုပ်မည့် ဆွေးနွေးပွဲများသည် ခက်ခဲမည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆင်ဟွာ တက္ကသိုလ်၌ ပြုလုပ်သည့် ဆွေးနွေးပွဲ တစ်ရပ်တွင် ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ခွဲထွက်ရေးဆိုင်ရာ တရားဝင် လုပ်ထုံးလုပ်နည်းများကို ပြီးခဲ့သည့် လတွင် စတင်ပြုလုပ်ပြီးနောက် ပြန်မလှည့်ဟု ဆုံးဖြတ်ထားသည့် အတွက် အဆိုပါ ခွဲထွက်မှုသည် ဥရောပသမဂ္ဂ၏ စည်းလုံးညီညွတ်မှု အတွက် စမ်းသပ်မှုတစ်ရပ် အဖြစ် ထွက်ပေါ် လာသည်။ ဗြိတိန် ခွဲထွက်သွားခြင်းကြောင့် ဥရောပ သမဂ္ဂ အနေဖြင့် အဓိက အရေးပါသည့် အဖွဲ့ဝင် တစ်နိုင်ငံကို ဆုံးရှုံးရသော်လည်း အဖွဲ့ဝင်နိုင်ငံ အားလုံးသည် ပိုမို ကောင်းမွန်သည့် မူဝါဒများကို ချမှတ် ဆုံးဖြတ်ပေးနိုင်သောကြောင့် အဖွဲ့အတွင်းရှိ နိုင်ငံအားလုံးမှာ သာတူညီမျှ အရေးပါကြောင်း ၎င်းက ဆက်လက် ပြောသည်။ ဗြိတိန် အစိုးရသည် ၂ဝ၁၉ ခုနှစ် မတ်လ နှောင်းပိုင်း မတိုင်မီ ခွဲထွက်ရေး ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ပြုလုပ်ရန် အချိန်ကာလ အားဖြင့် နှစ်နှစ်သာ ကျန်တော့သည်ဟု သိရသည်။ ယင်းနိုင်ငံ အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ အပြီး ယခုနှစ် ဇွန်လမှ စ၍ စေ့စပ် ညှိနှိုင်းမှုများကို စတင်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း ဇွန် ၈ ရက်၌ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ဝန်ကြီးချုပ် မေ၏ တောင်းဆိုချက်ကို ပါလီမန်က ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

Read 32 times Last modified on Friday, 21 April 2017 20:52

Latest from ရွှေတည်