Friday, 21 April 2017 20:43

ခရိုင်းမီးယား ဒေသကို လက်လွှတ်ရန် ရုရှားကို တောင်းဆိုခြင်းသည် အချည်းနှီး လုပ်ရပ်ဖြစ်ဟု ဖရန်ဆွာဖီလွန် ပြော

Written by 
Rate this item
(0 votes)

ပဲရစ်  ဧပြီ   ၂ဝ

ခရိုင်းမီးယား ဒေသကို လက်လွှတ်ရန် အနောက်နိုင်ငံများက ရုရှား အစိုးရကို တောင်းဆိုခြင်းသည် အချည်းနှီး လုပ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ပြင်သစ်သမ္မတ ကိုယ်စားလှယ်လောင်း ဖရန်ဆွာဖီလွန်က ပြောသည်။

ခရိုင်းမီးယား ကျွန်းဆွယ်သည် ရုရှားနိုင်ငံ၏ ယဉ်ကျေးမှု အရင်းအမြစ်များ တည်ရှိရာ ဒေသတစ်ခု ဖြစ်သောကြောင့် ယင်းဒေသအား ရုရှားအစိုးရက မည်သည့် အခါမျှ လက်လွှတ်မည် မဟုတ်ကြောင်း ဖီလွန်က ဧပြီ ၂ဝ ရက်ထုတ် Le Figaro နေ့စဉ် သတင်းစာနှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောသည်။    ခရိုင်းမီးယား ဒေသသည် သမိုင်းဝင် ယဉ်ကျေးမှုနှင့် ဘာသာစကားအရ ကြည့်မည် ဆိုပါက ရုရှားနိုင်ငံ၏ ဒေသတစ်ခြု ဖစ်သည်ကို မည်သူမျှ ငြင်းဆို၍ မရနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။ ယူကရိန်းမှ ခွဲထွက်လာသည့် ခရိုင်းမီးယား ဒေသသည် ပြည်သူ့ဆန္ဒ ခံယူပွဲ တစ်ရပ်ကို ကျင်းပပြီး ယင်းဒေသရှိ ပြည်သူ ၉၇ ရာခိုင်နှုန်းက ယူကရိန်းမှ ခွဲထွက်ရန် သဘောတူပြီး နောက် ၂ဝ၁၄ ခုနှစ် မတ်လတွင် ရုရှားနှင့် ပြန်လည်ပေါင်းစည်းခြင်း ဖြစ်သည်။ အဆိုပါ ပြည်သူ့ဆန္ဒ ခံယူပွဲကို ယူကရိန်းနိုင်ငံ၌ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ခရိုင်းမီးယားဒေသ၌ ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြေရှင်းရာတွင်လည်း ကုလသမဂ္ဂက ထောက်ခံထားသည့် အထူး နိုင်ငံတကာ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခြင်း အားဖြင့် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ဖီလွန်က ပြောသည်ဟု သိရသည်။

Read 24 times Last modified on Friday, 21 April 2017 20:48