Friday, 21 April 2017 17:11

ရုရှားက အာကာသယာဉ်မှူး နှစ်ဦး ပါဝင်သည့် ဆိုယုဇ် အာကာသယာဉ်ကို နိုင်ငံတကာ အာကာသစခန်းသို့ စေလွှတ်

Written by 
Rate this item
(0 votes)

မော်စကို     ဧပြီ     ၂ဝ

ရုရှား အစိုးရသည် အာကာသယာဉ်မှူး နှစ်ဦး ပါဝင်သည့် ဆိုယုဇ် အာကာသယာဉ်ကို ဧပြီ ၂ဝ ရက်တွင် နိုင်ငံတကာ အာကာသစခန်းသို့ အောင်မြင်စွာ စေလွှတ်နိုင်ကြောင်း ရုရှား အာကာသကော်ပိုရေးရှင်း ဖြစ်သည့် Roscosmos က ပြောသည်။

ဆိုယုဇ် အာကာသယာဉ် MS-04 ကို ဆိုယုဇ် FG သယ်ယူပို့ ဆောင်ရေး ဒုံးပျံဖြင့် ကာဇက်စတန်နိုင်ငံရှိ ဘေကိုနာ အာကာသယာဉ် လွှတ်တင်ရေး စခန်းမှ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၃ မိနစ်တွင် လွှတ်တင်လိုက်ခြင်း ဖြစ်ကြောင်း Roscosmos ၏ ထုတ်ပြန်ချက် အရ သိရသည်။ အဆိုပါ အာကာသယာဉ်နှင့် အတူ လိုက်ပါသွားသူများမှာ ရုရှား အာကာသယာဉ်မှူး ဖီယိုဒါယာယာချီခင်နှင့် အမေရိကန် ပြည်ထောင်စု လေကြောင်းနှင့် အာကာသ အုပ်ချုပ်မှုဌာန NASA မှ အာကာသယာဉ်မှူး ဂျက်ဖစ်ရှာတို့ ဖြစ်ပြီး ၎င်းတို့အနေဖြင့် အာကာသ အတွင်း ရက်ပေါင်း ၁၃၆ ရက်ကြာ နေထိုင်သွားမည် ဖြစ်သည်။ ထို့ပြင် ယင်း အာကာသယာဉ်သည် နိုင်ငံတကာ အာကာသ စခန်းသို့ ရုရှားစံတော်ချိန် ညနေ ၄ နာရီ ၂၃ မိနစ်တွင် ဆိုက်ကပ်မည် ဖြစ်ကြောင်း Roscosmos က ပြောသည်။ ၎င်း အာကာသယာဉ် လွှတ်တင်မှုကို မတ် ၂၇ ရက်တွင် လုပ်ဆောင်ရန် ကနဦး စီစဉ်ထား သော်လည်း လုံခြုံရေးဆိုင်ရာ ဆန်းစစ်မှုများ လုပ်ဆောင်နေခြင်းကြောင့် နောက်ကျသွားခြင်း ဖြစ်ကြောင်း သိရသည်။

Read 26 times Last modified on Friday, 21 April 2017 17:15

Latest from ရွှေတည်