Friday, 21 April 2017 16:49

ပြည်သူများ၏ ယုံကြည်မှု ရရှိရေး အတွက် အကျင့်ပျက် ခြစားမှုကို တိုးမြှင့် တိုက်ဖျက်လာသည့် လာအို

Written by 
Rate this item
(0 votes)

အစိုးရနှင့် ပါတီ၏ ဦးဆောင်မှုအပေါ် ပြည်သူများ၏ ယုံကြည်မှု တိုးမြင့်လာစေရန် အတွက် နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများနှင့် ယင်းအဖွဲ့အစည်းမှ တာဝန်ရှိသူများ အနေဖြင့် အကျင့်ပျက် ခြစားပါက အဖွဲ့အစည်း များမှ ညွှန်ကြားရေးမှူးများကို ရာထူးမှ ဖယ်ရှားမည် ဖြစ်ကြောင်း လာအိုနိုင်ငံ ဒုတိယသမ္မတ ဖန်ခမ်ဝီပါဗန်က သတိပေး လိုက်သည်။

ယခု ချမှတ်လိုက်သည့် အစိုးရ၏ လုပ်ဆောင်မှုသည် အကျင့်ပျက်ခြစားမှု ပိုမိုဆိုးဝါး လာခြင်းမှ ကာကွယ်ရန် ဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၌ မဆို အကျင့်ပျက် ခြစားမှုနှင့် အာဏာ အလွဲသုံးစားမှု ဖြစ်ပွားပါက အဆိုပါ အဖွဲ့အစည်းများမှ ခေါင်းဆောင်များသည် စုံစမ်း ဖော်ထုတ်မှု၌ အဓိက နေရာမှ ပါဝင်ရမည် ဖြစ်သည်။ သို့သော် အဆိုပါ အကျင့်ပျက် ခြစားမှုများကို ဖြေရှင်းနိုင်ခြင်း မရှိပါက ခေါင်းဆောင်များ အနေဖြင့် ရာထူးမှ ဖယ်ရှားခံရမည်ဟု ဖန်ခမ်ဝီပါဗန်က ဧပြီ ၂ဝ ရက်တွင် ပြောခြင်း ဖြစ်သည်။ လာအိုနိုင်ငံ၌ ပြီးခဲ့သည့် နှစ်တွင် ဒေါ်လာ ၉၆ သန်းခန့်ကို အမှန်တကယ် လုပ်ဆောင်ခြင်း မရှိသည့် စီမံကိန်း ၆ဝ အတွက် အသုံးပြုခဲ့သည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ စုံစမ်း စစ်ဆေးရေး အဖွဲ့က ဖော်ထုတ် တွေ့ရှိထားကြောင်း သိရသည်။

Read 16 times Last modified on Friday, 21 April 2017 16:54