Thursday, 20 April 2017 16:00

ရှားပါးပြီး ကြီးမားသော ဒီပိုးကောင်ကို ဖိလစ်ပိုင်တွင် တွေ့ရှိ

Written by 
Rate this item
(0 votes)

မနီလာ ဧပြီ ၁၉

ဖိလစ်ပိုင်နိုင်ငံ၌ ရှားပါးပြီးကြီးမားသော အနက်ရောင် ဒီပိုးကောင် တစ်ကောင်ကို သိပ္ပံ ပညာရှင်များက ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိကြောင်း ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

ချွဲကျိနေသော အဆိုပါ ဒီပိုးကောင်များသည် ပင်လယ်ကြမ်းပြင်ရှိ ရွှံ့ထဲတွင် နေထိုင်ကာ ဗက်တီးရီးယား ပိုးကောင်များက အစာချေလိုက်သော အဆိပ်ငွေ့များဖြင့် အသက်ရှင်ကြောင်း သိရသည်။ အဆိုပါ ဒီပိုးကောင်သည် သမုဒ္ဒရာအောက်တွင် နေထိုင်ပြီး  အဏုဇီဝ ရုပ်ဝတ္ထု စွန့်ပစ်ပစ္စည်းများ အပြင် အခြားမည်သည့် အရာမျှ စားသုံးခြင်း မရှိဘဲ အလျား ၁၅၅ စင်တီမီတာ (၅ ပေ)အထိ ကြီးထွားနိုင်ကြောင်း သိရသည်။ အံ့အားသင့်ဖွယ်ကောင်းပြီး  ယခုကဲ့သို့ ကြီးမားသော ဒီပိုးကောင်ကို ၎င်းတို့အနေဖြင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြောင်း၊ အလေ့အထအားဖြင့် ဒီပိုးများသည် မီးခြစ်ဆံရိုး ကဲ့သို့သာတိုပြီး အဖြူရောင်သာ ရှိကြောင်း ဖိလစ်ပိုင်မှ ဇီဝဗေဒ ပညာရှင် ဂျူးလီအယ်ဘာနိုက AFP သတင်းဌာနသို့ ပြောသည်။

ထို့ပြင် အဆိုပါဒီပိုးသည် အခြားသော တီကောင်၊ သန်ကောင်များနှင့် မတူဘဲ ယောက်သွားနှင့် ခုံးကောင်များကဲ့သို့ အခွံနှစ်ခြမ်းပါ ရေသတ္တဝါနှင့် တူကြောင်းနှင့် အစွယ်နှင့်တူသော အခွံရှိကြောင်း သိရသည်။

Read 21 times Last modified on Thursday, 20 April 2017 16:03