Thursday, 20 April 2017 16:00

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအတွက် ဥရောပ သမဂ္ဂနှင့် တရုတ်တို့က ပူးပေါင်း လုပ်ဆောင်သင့်ဟု လီခချန်ဆို

Written by 
Rate this item
(0 votes)

ပေကျင်း ဧပြီ ၁၉

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်ပြီး မျှတသော ကုန်သွယ်မှုဖြစ် ပေါ်လာရေးအတွက် ဥရောပသမဂ္ဂနှင့် တရုတ်နိုင်ငံတို့ အနေဖြင့် လုပ်ဆောင်သင့်သည်ဟု တရုတ်ဝန်ကြီးချုပ် လီခချန်က ဥရောပ သမဂ္ဂ၏ ထိပ်တန်း သံတမန် တစ်ဦးဖြစ်သည့် ဖက်ဒ ရီကာမိုဂီရီနီနှင့် တွေ့ဆုံစဉ်ပြောသည်။

ကမ္ဘာပေါ်တွင် ကြီးမားလှသော အင်အားစုကြီး နှစ်ခုဖြစ်သည့် တရုတ်နှင့် ဥရောပသမဂ္ဂ တို့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ရေး၊ ပြုပြင်ပြောင်းလဲမှုနှင့် အပြည် ပြည်ဆိုင်ရာအုပ်ချုပ်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို မြှင့်တင်ရေးနှင့် လွတ်လပ်ပြီး မျှတသော ကုန်သွယ်မှုတို့အား ဖော်ဆောင်ရေးတို့ကို ပူးပေါင်းဆောင်ရွက် သင့်ကြောင်း လီခချန်က မိုဂီရီနီအား ဧပြီ ၁၈ ရက်တွင်ပြောသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၁၉ ရက်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ထို့ပြင် နှစ်ဖက်အဖွဲ့အစည်း များသည် တည်ငြိမ်သော တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် နိုင်ငံတကာ အခြေအနေတွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှု များနှင့် မသေချာ မရေရာမှုများကို တုံ့ပြန်သင့်ကြောင်း မဟာဗျူဟာ ဆွေးနွေးမှုအတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မိုဂီရီနီအား လီခချန်က ပြောသည်။ အမေရိကန်သာလျှင် ပထမ ဖြစ်ရမည်ဟူသော ကြွေးကြော်မှုနှင့် အတူတက်လာသည့် ဒေါ်နယ်ထရမ့်က အမေရိကန် သမ္မတအဖြစ် တာဝန်ယူချိန်မှ စ၍ တရုတ်နိုင်ငံသည် ဥရောပ သမဂ္ဂကို နှစ်လိုဖွယ်ကောင်းသော ဆွဲဆောင်မှုများနှင့် စီးပွားရေး ကဏ္ဍကို ဖွင့်လှစ်ထားကြောင်း    ဥရောပသမဂ္ဂ သံတမန် အချို့က ပြောသည်။

အလားတူ တရုတ်နှင့် ဥရောပ သမဂ္ဂတို့သည် အပြည်ပြည်ဆိုင်ရာ စီးပွားရေးကို လုံခြုံ စိတ်ချမှု ရှိစေရန်၊ အကြမ်းဖက် ဝါဒကို တန်ပြန် တိုက်ခိုက်ရန်၊ ရာသီဥတု ပြောင်းလဲမှုကို ပြုပြင် ထိန်းသိမ်းရန်နှင့် အခြားသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ပခုံးထမ်းတာဝန် ထမ်းဆောင်ထားရခြင်း ဖြစ်သည်ဟု မိုဂီရီနီကပြောသည်။ ဥရောပ သမဂ္ဂသည် ဥရောပ ကုမ္ပဏီများ အနေဖြင့် တရုတ်နိုင်ငံ အတွင်း စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူ ချောမောမှု ရှိစေရန်အတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Read 21 times Last modified on Thursday, 20 April 2017 16:02