Wednesday, 19 April 2017 19:13

ဆိုက်ဘာရာဇဝတ်မှုများကို ပြန်လည်တုံ့ပြန်နိုင်ရန် ဆယ်ကျော်သက် မိန်းကလေးများကို ဘင်္ဂလားဒေ့ရှ် လေ့ကျင့် သင်ကြားပေး

Written by 
Rate this item
(0 votes)

ဒါကာ    ဧပြီ   ၁၈

လူမှုကွန်ရက်စာမျက်နှာများတွင် မိန်းကလေးငယ်များ နှောင့်ယှက်ခံရခြင်းနှင့် ပတ်သက်၍ ထိုကဲ့သို့ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများနှင့် ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဧပြီ ၁၈ ရက်မှစတင်၍ ဆယ်ကျော် သက်မိန်းကလေးများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း စမတ်ဖုန်းသုံးစွဲမှု အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ အွန်လိုင်းမှ တစ်ဆင့်နှောင့်ယှက်ခံရမှုများ ပိုမိုများပြားလာကြောင်းနှင့် ဆယ်ကျော်သက်မိန်းကလေးများမှာ ပိုမို၍ အဓိကပစ်မှတ် ထားနှောင့်ယှက်ခံနေရကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အွန်လိုင်းမှတစ်ဆင့် နှောင့်ယှက်သူများကို သတိထားရန်နှင့် မည်ကဲ့သို့တုံ့ပြန်ရမည်ကို ဘင်္ဂလား ဒေ့ရှ်အစိုးရက ဧပြီနှင့်မေလအတွင်း လေ့ကျင့် သင်ကြားမှုများပြုလုပ်မည်ဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ    ဆယ်ကျော် သက်အရွယ်ကျောင်းသူ ၁ဝဝဝဝ ကျော် တက်ရောက်သင်ယူကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဆိုက်ဘာရာဇဝတ်မှုများနှင့် ပတ်သက်၍ နေ့စဉ် တိုင်ကြားသူ ၁ဝ ဦးမှ ၁၂ ဦးအထိရှိ ကြောင်း၊အများစုမှာ အရွယ်မရောက်သေးသော မိန်းကလေးငယ်များနှင့် ဆယ်ကျော် သက်မိန်းကလေးများဖြစ်ကြောင်း ဒါကာရဲတပ်ဖွဲ့မှ ဒုတိယမဟာမင်းကြီး နက်ဇ်မယ်လ်အစ္စလာမ်က AFP သတင်းဌာနသို့ ပြောသည်။

အချို့မိန်းကလေးများသည် မဖွယ်မရာဓာတ်ပုံများနှင့် ဗီဒီယိုများလိမ်ညာရိုက်ကူးခံရပြီးနောက် လူမှုကွန်ရက်စာမျက်နှာ များတွင်ဖော်ပြခံရကြောင်း၊ အချို့နေရာများ၌ လျှို့ဝှက်ကင်မရာများတပ်ဆင်၍ လူငယ်များမဖွယ်မရာပြုလုပ်နေသော ဓာတ်ပုံနှင့် ဗီဒီယိုများကိုရိုက်ကူးကာ အွန်လိုင်းတွင်ဖော်ပြခံရ၍ ခြိမ်းခြောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆိုက်ဘာပြစ်မှု များနှင့်ပတ်သက်၍ ၂ဝ၁၃ ခုနှစ်တွင်စတင်ကာ အထူးစုံစမ်းစစ်ဆေး ရေးတရားရုံးကို ဖွဲ့စည်းပြီး ယနေ့အချိန်အထိ ပြစ်မှု ၄၅ဝ ကျော်ကို စုံစမ်းစစ်ဆေးပြီးဖြစ်သည်ဟု သိရသည်။

Read 19 times Last modified on Wednesday, 19 April 2017 19:14