Wednesday, 19 April 2017 19:09

ပေါ်တူဂီတွင် အပေါ့စား လေယာဉ် ပျက်ကျ၊ ငါးဦး သေဆုံး

Written by 
Rate this item
(0 votes)

လစ္စဘွန်း     ဧပြီ     ၁၈

ဆွစ်ဇာလန်နိုင်ငံမှတ်ပုံတင် အပေါ့စား လေယာဉ်ငယ်တစ်စင်းသည် ပေါ်တူဂီနိုင်ငံ၏မြို့တော် လစ္စဘွန်းမြို့ ဆင်ခြေဖုံး အရပ်ရှိ စူပါမားကတ် ကုန်လှောင်ရုံအတွင်းသို့ ဧပြီ ၁၇ ရက်တွင်ပျက်ကျမှုဖြစ်ပွားရာ လူငါးဦး သေဆုံးကြောင်း ကယ် ဆယ်ရေး အဖွဲ့၏ ပြောဆိုမှုအရ သိရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံးဖြစ်သည့် လေယာဉ်မောင်းတစ်ဦးနှင့် ခရီးသည် သုံးဦးအပြင် လေယာဉ်ပျက်ကျချိန်တွင် ကုန်လှောင်ရုံ၌ ရောက်ရှိနေသည့် ပေါ် တူဂီနိုင်ငံသား ကုန်တင်ယာဉ် မောင်းတစ်ဦးတို့ သေဆုံးခြင်းဖြစ်ကြောင်းနှင့် လူသုံးဦးမှာ ဒဏ်ရာအနည်းငယ်သာ ရရှိကြောင်း ကယ်ဆယ်ရေး အဖွဲ့ က အစီရင်ခံစာတွင်ဖော်ပြထားသည်။

Lidl ကုမ္ပဏီပိုင် အဆိုပါစူပါမားကတ်၏ ကုန်လှောင်ရုံသည် တိုင်ယာအရပ်ရှိ ပုဂ္ဂလိက လေယာဉ်ကွင်းမှ မိုင်ဝက် အကွာ၌ရှိကြောင်း သိရသည်။ အင်ဂျင်နှစ်လုံးတပ် Piper PA-31 အမျိုး အစား အဆိုပါလေယာဉ်သည် ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ မာဆေးမြို့သို့သွားစဉ် ကုန်လှောင်ရုံရှိ ကုန်တင်ယာဉ်များရပ်နားရာစခန်း ကိုဝင်တိုက်ခြင်းဖြစ်ကြောင်းနှင့် မီးသတ်သမား ၉ဝ ကျော်က ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ဖြစ်ပေါ်လာသည့်မီးလောင်မှုကို ငြှိမ်းသတ် လိုက်နိုင် ကြောင်း သိရသည်။

Read 17 times Last modified on Wednesday, 19 April 2017 19:11