Wednesday, 19 April 2017 19:06

ကိုရီးယားကျွန်းဆွယ်တွင် တိုက်ပွဲများဖြစ်ပွားပါက ဂျပန်နိုင်ငံသားများကို ကယ်ဆယ်ရန် အသင့်ရှိဟု ဂျပန်ကာကွယ် ရေးဝန်ကြီးဆို

Written by 
Rate this item
(0 votes)

တိုကျို   ဧပြီ   ၁၈

ကိုရီးယားကျွန်းဆွယ်တွင် တိုက်ပွဲများဖြစ်ပွားပါက ဂျပန်နိုင်ငံသားများကို ကယ်ဆယ်ရန်အသင့်ရှိပြီး ၎င်းတို့ကို ဘေး ကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ရန်နှင့် ကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်များစေလွှတ်ရန် အစိုးရက ပြင်ဆင်သွားမည်ဖြစ် ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါက ဧပြီ ၁၈ ရက်တွင်ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် (၆)ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်နိုင်ဖွယ်ရှိပြီး ရက်သတ္တပတ်တိုင်းတွင် ဒုံးကျည်စမ်းသပ်မှုများပြုလုပ်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် တိုမိုမီအီ နာဒါက မှတ်ချက်ပြုပြောဆို ခြင်းဖြစ်သည်။

သို့သော် တိုမိုမီအီနာဒါ၏ မှတ်ချက်ပြုစကားနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံတွင် အငြင်းပွားဖွယ်ရာဖြစ်လာနိုင် ကြောင်း Ji Ji သတင်းစာနှင့် NHK ရုပ်သံဌာနကဖော်ပြသည်။တိုမိုမီအီနာဒါ၏ မှတ်ချက်ပြုစကားကြောင့် ၁၉၁ဝ မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့၏ နယ်ချဲ့ကျူးကျော်မှုများကို ပြန်ပြောင်းသတိရစေပြီး နှစ်နိုင်ငံအကြားဆက်ဆံရေးကို အ နှောင့်အယှက်ဖြစ်စေသည့်အပြင် တောင်ကိုရီးယာြးေ မပေါ်သို့ ဂျပန်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပါက တောင်ကိုရီးယား ပြည်သူများအနေဖြင့် စိတ်ဆိုးဒေါသထွက်စရာများ ဖြစ်လာနိုင်သည်ဟု အဆိုပါသတင်းဌာနများက ဖော်ပြသည်။

Read 16 times Last modified on Wednesday, 19 April 2017 19:08