Wednesday, 19 April 2017 19:03

ဇွန် ၈ ရက်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ထရီဆာမေ ကြေညာ

Written by 
Rate this item
(0 votes)

လန်ဒန်   ဧပြီ   ၁၈

ဗြိတိန်နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲအား ဇွန်လ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီဆာမေက ဧပြီ၁၈ ရက်တွင် ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်ရုံး အပြင်ဘက်၌ ကြေညာကြောင်း သိရသည်။

ဇွန်လ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် အစိုးရအဖွဲ့တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြီးဖြစ် ကြောင်း မေကပြောသည်။ ရွေးကောက်ပွဲကျင်းပရန်ဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့က လက်ခံလိုမှုမရှိသော်လည်း Brexit ဖြစ်စဉ်ပြီးနောက် နိုင်ငံအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ခေါင်းဆောင်ကောင်းမဖြစ်မနေ လိုအပ်သည်ဟူ သော ၎င်း၏ တိုက်တွန်းချက်ကိုလက်ခံကြောင်း မေကဆို သည်။

ရွေးကောက်ပွဲကျင်းပရန် ဖြစ်၊ မဖြစ်နှင့်စပ်လျဉ်း၍ ဧပြီ ၁၉ ရက်တွင် လွှတ်တော်က မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရန်အတွက်မဲခွဲဆုံးဖြတ်ပြီးနောက် နိုင်ငံ၏ နိုင်ငံရေးလောကတွင် လပေါင်း များစွာကြာ မငြိမ်မသက်မှုများဖြစ်ပွားပြီးနောက်တွင် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် လူထုသဘောထားစစ်တမ်းကောက်ယူမှုပြုလုပ်ရာ ထရီဆာမေ၏ ကွန်ဆာဗေးတစ်ပါတီ က အဓိက အတိုက်အခံအဖွဲ့ဖြစ်သော လေဘာပါတီ၏ရှေ့မှ ဦးဆောင်လျက်ရှိသည်။ အဆိုပါ စစ်တမ်းကောက်ယူမှု၌ ကွန်ဆာဗေးတစ်ပါတီက လူထုထောက်ခံမှု ၃၈ ရာခိုင်နှုန်းမှ ၄၆ ရာခိုင်နှုန်းကြားရရှိကာ လေဘာပါတီက ၂၃ ရာခိုင် နှုန်းမှ ၂၉ ရာခိုင်နှုန်းအကြားရရှိကြောင်း စစ်တမ်းေ ကာက်ယူမှုများအရ သိရသည်။

Read 18 times Last modified on Wednesday, 19 April 2017 19:04