Wednesday, 19 April 2017 18:59

ဂျပန်-အမေရိကန် စီးပွားရေး ဆွေးနွေးပွဲမှ နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် ထွက်ပေါ် လာနိုင်ဟုဆို

Written by 
Rate this item
(0 votes)

တိုကျို  ဧပြီ   ၁၈

ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား ပြုလုပ်သည့် စီးပွားရေးဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက် တစ်ရပ်ထွက်ပေါ်လာနိုင်ကြောင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ဧပြီ ၁၈ ရက် တွင် ပြောသည်။

ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား လွတ်လပ်စွာကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ မကြာမီတရားဝင်ဆွေးနွေးပွဲ တစ်ရပ်ကို ပြုလုပ်နိုင်ဖွယ်ရှိပြီး သဘောတူညီချက်တစ်ရပ်လည်း ထွက်ပေါ်လာနိုင်ေ ကြာင်း ပန့်စ်က ဂျပန်နိုင်ငံတို ကျို မြို့၌ ဂျပန်ဒုတိယဝန်ကြီးချုပ် တာရိုအာဆိုနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။ ထို့ပြင် အမေရိကန် အစိုးရသည် ၎င်းတို့၏ ကုန်ပစ္စည်းများအတွက် ဂျပန်နိုင်ငံအတွင်း၌ ဈေးကွက်များဖွင့် လှစ်နိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံအများအပြားပါဝင်သည့် စီးပွားရေးပူးပေါင်းမှုအဖွဲ့နှင့် ကုန်သွယ်ရေးသဘော တူညီချက်ကိုချမှတ်ခြင်းထက် နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ကုန်သွယ်ရေး သဘောတူညီ ချက်ချမှတ်ရေးကို အဓိကဦးစား ပေးသည့် သမ္မတ ဒေါ်နယ်ထရမ့်၏မူဝါဒကို အကောင်အထည် ဖော်ဆောင်ရန်ကြိုးပမ်းနေစဉ်  ပန့်စ်၏ ပြောဆိုမှုထွက် ပေါ်လာခြင်းဖြစ်သည်။ ဂျပန်နှင့် အမေရိကန်ပြည်ေ ထာင်စုတို့အကြား ပြုလုပ်သည့်ဆွေးနွေးပွဲသည် နှစ်နိုင်ငံစီးပွားရေးအရ ဆက်ဆံရေးအသစ်တစ်ရပ်ကို ချမှတ်နိုင်ရန်ဦးတည်ခြင်းဖြစ်ကြောင်း သိရသည်။ဂျပန်နှင့် အမေရိကန်အစိုးရတို့ အကြားစီးပွားရေးေ ဆွးနွေးပွဲ တစ်ရပ်ပြုလုပ်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် အမေရိကန်သမ္မတထရမ့်တို့က ဝါရှင်တန်မြို့၌ ဖေဖော်ဝါရီလတွင်ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်တွင် သဘောတူထားခြင်းဖြစ်ကြောင်း သိရ သည်။

Read 39 times Last modified on Wednesday, 19 April 2017 19:01