Wednesday, 19 April 2017 16:18

တောင်ကိုရီးယား၌ စစ်အခြေစိုက် စခန်းအသစ် နှစ်ခု တည်ဆောက်ရန် အမေရိကန် စစ်ဘက် အမိန့်ပေး

Written by 
Rate this item
(0 votes)

ဝါရှင်တန်      ဧပြီ      ၁၈

တောင်ကိုရီးယားနိုင်ငံ၌ စစ်အခြေစိုက်စခန်း အသစ်နှစ်ခုကို ထပ်မံတည်ဆောက်ရန် အမေရိကန်စစ်ဘက်က အမိန့် ပေးလိုက်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အမေရိကန်စစ်ဘက်သည် တောင်ကိုရီးယားရှိ ၎င်း၏တပ်ဖွဲ့ဝင်များအတွက် စစ်ဆင်ရေးဌာနနှင့် အဆင့်သုံးစစ်ဘက် အခြေစိုက်စခန်းတို့ကို ယင်းနိုင်ငံအတွင်း ထပ်မံတည်ဆောက်မည်ဖြစ်သည်။ အမေရိကန်စစ်ဘက်က အဆိုပါစစ်စခန်း များကို ဒေါ်လာ ၁၃၃ ဒသမ ၄ သန်း အသုံးပြု၍ တည်ဆောက်ရန် Gilbane ဆောက်လုပ်ရေး ကုမ္ပဏီကို တာဝန်ပေး အပ်ထားကြောင်းသိရသည်။ အဆိုပါ စစ်စခန်းအသစ်များ တည်ဆောက်မှုကို ၂ဝ၂ဝ ပြည့်နှစ် မေ ၂ ရက်တွင် အပြီး သတ်လုပ်ဆောင်သွားရန် မျှော်မှန်းထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

Read 14 times Last modified on Wednesday, 19 April 2017 16:19