Wednesday, 19 April 2017 16:08

ဟိုချီမင်းစီးတီးရှိ မြေမျက်နှာပြင် စိုးရိမ်ဖွယ် ကောင်းသည့်နှုန်းဖြင့် နိမ့်ဆင်းလာဟု ဆို

Written by 
Rate this item
(0 votes)

ဟနွိုင်း   ဧပြီ   ၁၈

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမြို့ရှိ မြေမျက်နှာပြင်သည် စိုးရိမ်ဖွယ်ကောင်းသည့်နှုန်းဖြင့် နိမ့်ဆင်းလာလျက်ရှိသည်ဟု ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

ဟိုချီမင်းစီးတီးအတွင်းရှိ ခရိုင်ရှစ်ခုမှ နေရာဒေသအများအပြား၏ မြေမျက်နှာပြင်သည် တစ်နှစ်လျှင် ၅ မီလီမီတာမှ ၁ဝ မီလီမီတာအထိ နိမ့်ဆင်းလာကြောင်း ဗီယက်နမ် သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဟိုချီ မင်းစီးတီးနည်း ပညာတက္ကသိုလ်တို့၏ ကြေညာချက်ကိုကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါမြို့သည် လွန်ခဲ့သည့် ၂၅ နှစ်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များနှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၄ မီတာ ခန့် နိမ့်ဆင်းလာပြီဖြစ်ကြောင်း ဟိုချီမင်းစီးတီး နည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ လီဗန်ထရမ် ကဆိုသည်။

အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ အရေးတယူ လုပ်ဆောင်ခြင်းမရှိပါက မြေမျက်နှာပြင် နိမ့်ဆင်းလာသည့် ဒေသများတွင် မြေပြင်နိမ့်ဆင်းလာမှုသည် ပိုမိုဆိုးဝါးလာနိုင်ကြောင်းနှင့် အချို့ဒေသများသည် ပင် လယ်ပြင်အတွင်း၌ပင် နစ်မြုပ်နေပြီ ဖြစ်ကြောင်း၎င်းက သတိပေးထားသည်။

ဟိုချီမင်းစီးတီးမြို့တွင် မြေပြင်နိမ့်ဆင်းလာရသည့် အဓိက အကြောင်းရင်းများမှာ မြေအောက်ရေကို အလွန်အကျွံ အ သုံးပြုခြင်း၊ မြို့ပြအဖြစ် အလျင်အမြန်အသွင်ပြောင်းခြင်းနှင့် တိုးတက်လာသည့် သယ်ယူ ပို့ဆောင်ခြင်း တို့ကြောင့်ဖြစ် သည်ဟုသိရသည်။ အလားတူ  ကမ်းခြေဒေသများတွင် မြေအောက်ရေကို အလွန်အကျွံအသုံးပြုမှုကြောင့် ပင်လယ် ရေ ဝင်ရောက်မှုများ ဖြစ်ပေါ်လာပြီး ယင်းဒေသ၌ စိုက်ပျိုး ထားသည့် သစ်ပင်များနှင့်အပင်များ အထူးသဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစိုက်ပျိုး ရေးဖွံ့ဖြိုးတိုးတက်မှုကို  ထိခိုက်စေလျက်ရှိကြောင်း သိရသည်။

Read 15 times Last modified on Wednesday, 19 April 2017 16:12