Wednesday, 19 April 2017 16:04

ဖိလစ်ပိုင် မြောက်ပိုင်းတွင် ဘတ်စ်ကား တစ်စီး လျှိုအတွင်းသို့ ထိုးကျ၊ အနည်းဆုံး ၂၆ ဦး သေဆုံး

Written by 
Rate this item
(0 votes)

မနီလာ  ဧပြီ   ၁၈

ဖိလစ်ပိုင်မြောက်ပိုင်း၌ ဧပြီ ၁၈ ရက်တွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး လျှိုအတွင်း သို့ထိုးကျရာ အနည်းဆုံး လူ ၂၆ ဦးသေဆုံးပြီး  အများအပြား ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

ဘတ်စ်ကားသည် ခရီးသည် ၅ဝ ကျော်ကိုတင်ဆောင်ပြီး အီလိုကို့စ်ဆူအာပြည်နယ်သို့ မောင်းနှင်လာစဉ် မနီလာမြို့ မြောက်ပိုင်း နူဗာအက်ဂျီယာပြည်နယ် ကာရန်ဂလန်မြို့ ကာပင်တာလန်ကျေးရွာ၌ ဒေသစံတော်ချိန်နံနက် ၁၁ နာရီခန့် တွင် လျှိုထဲထိုးကျသွား ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ယင်းဘတ်စ်ကားသည် မတော်တဆမှုမဖြစ်ပွားမီ အရှိန် ပြင်းစွာ မောင်းနှင်လာကြောင်း မျက်မြင်သက်သေ များ၏ ပြောဆိုချက်ကို ကိုးကား၍  ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အချို့ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ပြီး အနီးရှိ ဘန်းဘန်မြို့ ဆေးရုံသို့ တာဝန်ရှိ သူများက ပို့ဆောင်ပေးသော်လည်း အချို့မှာ ဆေးကုသမှု ခံယူစဉ် သေဆုံးသွားကြောင်းသိရ သည်။

အခင်းဖြစ်ရာနေရာတွင် ယာဉ်မတော် တဆမှုများဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့် နှစ်ကလည်း ဘတ်စ်ကားတစ်စီး လျှို ထဲထိုးကျရာ အနည်းဆုံး လူငါးဦးသေဆုံး၍ အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

Read 12 times Last modified on Wednesday, 19 April 2017 16:07