Wednesday, 19 April 2017 16:00

စိုးရိမ်ဖွယ် ကောင်းသည့် ရေခဲပြင် အက်ကွဲကြောင်း အသစ် တွေ့ရှိ

Written by 
Rate this item
(0 votes)

ဂရင်းလန်းနိုင်ငံရှိ ကမ္ဘာ့အကြီးမားဆုံးသော ရေခဲပြင်ကြီးများအနက်တစ်ခုတွင် စိုးရိမ်ဖွယ်ကောင်းသည့်  အက်ကွဲ ကြောင်းကြီးတစ်ခုကို  သိပ္ပံပညာရှင်များက တွေ့ရှိ၍ မှတ်တမ်း တင်ထားနိုင်သည်။

သိပ္ပံပညာရှင်များသည် ပီတာမန်းရေခဲပြင်၏ ဂြိုဟ်တုအချက်အလက်များကို လေ့လာစိစစ်နေစဉ် ၎င်းရေခဲပြင်အက်ကွဲ ကြောင်းကြီးကို တွေ့ရှိခြင်းဖြစ်သည်။ အဆိုပါ အက်ကွဲကြောင်းကြီးမှ တစ်ဆင့်ရေခဲများ သမုဒ္ဒရာအတွင်းသို့ဝင် ရောက်လာမည်ကိုလည်း သိပ္ပံပညာရှင်များက စိုးရိမ်ပူပန်လျက်ရှိပြီး အကြောင်းရင်းမှာ ယင်းရေခဲပြင်ကြီးသည် ဂရင်း လန်းနိုင်ငံ၏အနောက် မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ ပင်လယ်အတွင်းသို့ ဦးတည်ရွေ့လျားနေသော ကြောင့်ဖြစ်သည်။

ယင်းရေခဲပြင်ပြိုကွဲမှုကြီးသည် အခြားရေခဲပြင်ပြိုကွဲမှုမှ တစ်ဆင့်ထွက်ပေါ်လာသည့် ရေခဲတောင်ကဲ့သို့ သမုဒ္ဒရာအ တွင်းသို့စီးဝင်သွားနိုင်ဖွယ် ရှိသော်လည်း ပင်လယ်ရေမျက်နှာပြင် သိသိသာသာ မြင့်တက်လာနိုင်သည့်အတွက် သိပ္ပံပညာရှင်များက အနီးကပ်လေ့လာစောင့်ကြည့်လျက်ရှိသည်။ ထို့ပြင် ပီတာမန်းရေခဲပြင်၏ အလယ်ဗဟို အထိတိုင်ကြီး မားကျယ်ပြန့်လာသည့် အခြားသော ရေခဲပြင်အက် ကွဲမှုကြီးကိုလည်း တွေ့ရှိထားကြောင်း Washington Post သ တင်းဌာနကဖော်ပြထားသည်။ဂရင်းလန်းနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းရှိ ရေခဲပြင်များ အရည်ပျော်ကျမှုကြောင့် ၂၁ဝဝ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ပမာဏသည် ၁  ဒသမ ၅ လက်မအထိ မြင့်တက်လာနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။

Read 24 times Last modified on Wednesday, 19 April 2017 16:03