Friday, 21 April 2017 15:36

မိုးသက် လေပါ မာရသာ ကြိုတင် သတိ အမြဲရှိ

Written by 
Rate this item
(0 votes)

တောင်ငူခေတ်က ပေါ်ထွန်းခဲ့သော စာဆိုများအနက် ရတုဘုရင် နတ်သျှင်နောင်၏ မယ်ဘွဲ့၊ မောင်ဘွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့နှင့် စစ်ချီရတုများမှ ယခုလိုပိတောက်တွေ ရွှေရည်လူးချိန်တွင် ရေးဖွဲ့ခဲ့သော ပေါ်နွေလလျှင် အစချီသည့် ရတုပိုဒ်စုံကို ခေတ်လူများ နှစ်သက်သဘော တွေ့သီဆိုနေကြသည့်အတိုင်း ယခုနှစ်သင်္ကြန် အစရက်တွင် သူ့သဘာဝ သူ့အားသူ့မာန်ဖြင့် အချိန်မှန်ပွင့်သော ငုဝါပန်းကလေး များသာ တွေ့ရသည်။ သင်္ကြန်အတက် ဧပြီ ၁၆ ရက်တွင် ဘင်္ဂလားပင်လယ်အော်မှ တိုက်ခတ်လာသော မာရသာ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မိုးသက်လေပြင်းများ တိုက် ခတ်ခဲ့သည့်နောက်နေ့ များ၌ ပိတောက်တွေ ရွှေရည်လူးကြသည်နှင့်အတူ မာရသာဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံစားကြ ရသည်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဧပြီ ၁၆ ရက် ညပိုင်းတွင် တိုက်ခတ်သော မာရသာ ဆိုင်ကလုန်းမုန်တိုင်း ဒဏ် ကြောင့်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ရာ မဇင်ကျေးရွာအုပ်စု ဂေါ့ကျေးရွာ၌ လူနေအိမ် ခြောက်လုံးနှင့် အမိုးများ ပေါက်ပြဲပျက်စီးခြင်း၊ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။ အဆိုပါကျေးရွာ သို့ ဧပြီ ၁၈ ရက်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ သွားရောက်၍ အပျက်အစီး များအား ရှင်းလင်းဖယ်ရှားခြင်း၊ ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ပြုပြင် တည်ဆောက်ပေးခြင်းနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အတွင်း၌ ဧပြီ ၁၆ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုများကြောင့် ပဲကြီးကျွန်းအုပ်စု ဥယျာဉ်စုကျေးရွာရှိ လူနေအိမ်ငါးလုံးနှင့် ဝိဇိတရာမ ဘုန်းေ တ်ာကြီးကျောင်းမှ ဓမ္မာရုံတို့၌ အမိုးများ ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့ ကုက္ကိုပင်လဲကျသဖြင့် လူတစ်ဦးသစ်ကိုင်းပိ သေဆုံးသည်။ အဆိုပါနေရာသို့ အ နောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးေ ကျာင်းနှင့် နေအိမ်အမိုးများအား ရှင်းလင်းဖယ်ရှားပေးပြီး လမ်းပိတ်လျက်ရှိသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းပေးကြသည့်အပြင် ပျက်စီးသွားသည့် နေအိမ်များမှ မိသားစုများအား ကူညီရွှေ့ပြောင်းေ ပးခဲ့ကြသည်။ နယ်မြေခံ တပ်မတော်သားများသည် လေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြပြီး တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကု သရေးအဖွဲ့က ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ အဆိုပါနေ့မှာပင် ငရုတ်ကောင်းမြို့နယ်အတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကြွေချိုင့်ကျေးရွာ အနီးရှိ ပုသိမ်-ငရုတ်ကောင်း-ဂေါ်ရင်ဂျီကျွန်းသွား ကားလမ်းချော်ကာ မော်တော်ယာဉ် ၄၂ စီးခန့်ပိတ်ဆို့သွားသည်။ အဆိုပါနေရာသို့ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ရွှံ့စေးမြေများခြစ်ထုတ် ခြင်း၊ ကျောက်ခင်းပြီး မြေသားထည့်ခြင်းများ ဆောင်ရွက်ေ ပးခဲ့သဖြင့် ညနေ ၃ နာရီခန့်တွင် အဆိုပါနေရာမှ မော်တော် ယာဉ်များ အားလုံး ထွက်ခွာသွားနိုင်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်း ဧပြီ ၁၆ ရက်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပိတောက်ခင် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းနှင့် နေအိမ် ၅၉ လုံးတို့ မှာအမိုးအကာများပျက်စီးခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ ဓာတ်တိုင်နှင့်ဓာတ်ကြိုးများ ပြတ်တောက်ပျက်စီးခြင်းများ ဖြစ် ပွားသည်။ အဆိုပါကျေးရွာသို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများ သွားရောက်၍ အမိုးအကာများ ရှင်းလင်းဖယ်ရှားပေးခြင်း၊ ပြန်လည်ပြုပြင် အသစ်လဲလှယ်ပေးခြင်း၊ လဲကျနေသော သစ်ပင်များအား ခုတ်ထွင်ရှင်း လင်းခြင်း၊ ဓာတ်တိုင်များနှင့် ဓာတ်ကြိုးများကို ရှင်းလင်းဖယ်ရှားပေးခြင်းများ ဆောင်ရွက်ကြသည်။ လေ ဘေးသင့်ပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် အမိုး သွပ်ချပ်ရေ ၅၅ဝ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ဧပြီ ၁၈ ရက် နံနက်တွင် တိုင်းမှူးကပေးအပ်ခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေး အဖွဲ့သည်  လေဘေးသင့် ပြည်သူများနှင့် ဒေသခံပြည်သူ ၁၁၆ ဦးတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကု သနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း မာရသာဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧပြီ ၁၆ ရက်တွင် မိုးသည်းထန် စွာရွာသွန်းသဖြင့် မန်းချောင်းအတွင်း ရေ ၂ ပေခွဲခန့်မြင့်တက်ခဲ့သော်လည်း မန်းရွှေစက်တော် (အောက်စက်တော်ရာ) ရှိ ပါဒခြေတော်ရာအား အမြင့် ၅ ပေ၊ အထူ ၃ လက်မနှင့် အလေးချိန် ၃ တန်ခန့်ရှိပြီး  နှစ်စဉ်ရေမြုပ်ချိန်တွင်ရှိသော ဖိအားနှင့်အရာဝတ္ထုများ၏ ထိခိုက်မှု ဒဏ်ခံနိုင်ရည်ရှိသည့်  အက်ခရိုင်းလစ် (Acrylic) ဖန်အမျိုးအစားအသုံးပြုထား သည့် အလင်းဖောက်ဖန်အုပ်ဆောင်းဖြင့် ၂ဝ၁၄ ခုနှစ် ဇူလိုင်လမှစတင်ပူဇော်ထားခြင်းကြောင့် လုံခြုံမှုရှိပြီး တစ်စုံတစ် ရာ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

ယခင်နှစ်များ၏ အတွေ့အကြုံအရ ဘင်္ဂလားပင်လယ်အော်ဘက်မှ တိုက်ခတ်လာသော မုန်တိုင်းများသည် အနောက် ရိုးမကိုကျော်၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများအတွင်း ဝင်ရောက်ခဲ့ရာမှ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ခြင်းကြောင့် ယခု နှစ်အတွင်း အလားတူ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းစေရန်၊ ဖြစ်နိုင်လျှင် ထိခိုက်ဆုံးရှုံးမှုမရှိစေရန် မာရသာ ဆိုင်ကလုန်းမုန်တိုင်းက သတိပေး လိုက်ပြီဖြစ်ကြောင်း မြဝတီက ထပ်လောင်း နှိုးဆော် လိုက်ရပါသည်။

Read 53 times Last modified on Friday, 21 April 2017 15:39