Friday, 21 April 2017 19:51

တာချီလိတ်မြို့၌ တရားမဝင် ရွှေသတ္တု တူးဖော်နေသူများ ဖမ်းဆီးရမိ

Written by 
Rate this item
(0 votes)

တာချီလိတ်   ဧပြီ   ၂ဝ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု မောရှီကျေးရွာ၌ တရားဝင် ခွင့်ပြုချက် အထောက် အထား တစ်စုံတစ်ရာမရှိဘဲ ရွှေသတ္တုများ တူးဖော်နေသည့် မြန်မာနိုင်ငံသား ၃၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၃ ဦးတို့ အား လုပ်ငန်းသုံး ယန္တရားပစ္စည်းများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း အမှတ် (၂)သတ္တုတွင်း လုပ်ငန်းမှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယ လက်ထောက်ညွှန်ကြားရေးမှူး(စီမံ) ဦးထွန်းအောင်ကို၊ လက်ထောက် အင်ဂျင်နီယာ (သတ္တု)ဦးတင်မောင်သန်း၊ တာချီလိတ်မြို့နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ေ ရးမှူးနှင့် တာချီလိတ်မြို့မရဲ စခန်းမှ ဒုတိယ ရဲအုပ်ကိုကိုတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည်  တရားမဝင် ရွှေသတ္တု တူးဖော်နေကြောင်း သတင်းအရ မိုင်းကိုးကျေးရွာအုပ်စု မောရှီ(လားဟူ)ကျေးရွာအနီး တော င်ပေါ်သို့ သွားရောက်စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးရာတွင် တရားမဝင် ရွှေတူးဖော်နေသူ မြန်မာနိုင်ငံသား ၃၂ ဦး၊ တရုတ်နိုင်ငံသား ၁၃ ဦးတို့ကို ရွှေ သတ္တုတူးဖော်ရာတွင် အသုံးပြုသော လုပ်ငန်းသုံးယာဉ်များဖြစ်သည့် VIGO အမျိုးအစား ယာဉ်တစ်စီး၊ MISUBISHI အမျိုးအစားယာဉ်တစ်စီး၊ CHEVROLET အမျိုးအစား ယာဉ်တစ်စီးအပါအဝင် အခြားလုပ်ငန်းသုံးယန္တရားပစ္စည်း (စိစစ် ဆဲ)များအား အသုံးပြု၍ တရားဝင်ခွင့်ပြုချက် အထောက် အထား တစ်စုံတစ်ရာမရှိဘဲ  ရွှေသတ္တုများ တူးဖော်နေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ရွှေသတ္တုများ တူးဖော်နေသည့် မြန်မာနိုင်ငံသား ၃၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၃ ဦးတို့အား တာချီလိတ်မြို့မရဲစခန်းက မြန်မာ့သတ္တု တွင်းဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 19 times Last modified on Friday, 21 April 2017 19:54